ရန်ကုန်တောင်ပိုင်းခရိုင် တံတားမြို့ Community Based Facility Quarantine Centre တွင် ကိုဗစ်-၁၉ ရောဂါပိုး ရှိ/မရှိ စစ်ဆေးရန် နှာခေါင်းနှင့်အာခေါင်တို့ပတ် (Swab) များရယူဆောင်ရွက်

တံတား အောက်တိုဘာ ၅


ရန်ကုန်တောင်ပိုင်းခရိုင် တံတားမြို့တွင် ဆောင်ရွက်ထားရှိသော အ.ထ.က တံတားရှိ Community Based Facility Quarantine Centre တွင်  ကိုဗစ်-၁၉ ရောဂါ Positive တွေ့ရှိခဲ့သူနှင့် အနီးကပ် ထိတွေ့ခဲ့သူ Primary Contact အား ထားရှိလျက်ရှိရာ ယနေ့ နံနက်ပိုင်းက ကိုဗစ်-၁၉ ရောဂါပိုး ရှိ/မရှိ သိရှိနိုင်ရန် တံတားမြို့ ပြည်သူ့ကျန်းမာရေးဦးစီးဌာန ဝန်ထမ်းများက နှာခေါင်းနှင့်အာခေါင်တို့ပတ် (Swab) ရယူခြင်းကို  ဆောင်ရွက်ပေးခဲ့သည်။
ထိုသို့ဆောင်ရွက်ရာတွင် အသွားအလာကန့်သတ်ထားသူ Primary Contact (၃၅) ဦးတို့ထံမှ  နှာခေါင်း နှင့်အာခေါင်တို့ပတ် (Swab) များကို တံတားမြို့ ပြည်သူ့ကျန်းမာရေး ဦးစီးဌာန ဝန်ထမ်းများမှ စနစ်တကျ ရယူပေးခဲ့ကြပြီး အမျိုးသားကျန်းမာရေး ဓာတ်ခွဲမှု ဆိုင်ရာဌာနသို့ ပေးပို့ဆောင်ရွက်ခဲ့ကြောင်း သိရ သည်။
တံတားမြို့တွင် အောက်တိုဘာလ(၄)ရက်နေ့ထိ ကိုဗစ်-၁၉ ရောဂါ အတည်ပြုလူနာ (၁) ဦးရှိ၍ အဆိုပါ အမျိုးသမီးမှာလည်း ကျန်းမာရေးကောင်းမွန်လျက်ရှိကြောင်း သိရသည်။
တင်နိုင်ဝင်း (ပြန်/ဆက်)