မကွေးခရိုင်၊ မြို့သစ်မြို့တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရန် မြို့အဝင် / အထွက် များတွင် ပူးပေါင်း စစ်ဆေးရေး ဂိတ်များဖွင့်လှစ်၍ ဆောင်ရွက်

မကွေးခရိုင်၊ မြို့သစ်မြို့ မြို့အဝင်ဂိတ်တွင် ပူးပေါင်စစ်ဆေးရေးဂိတ်ကို မြို့နယ် ကိုဗစ် - ၁၉ ရော ဂါကာ ကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ ဦးဆောင်၍ ယနေ့ နံနက်ပိုင်းက ဆောင်ရွက်ခဲ့သည်။

သန်လျင်မြို့နယ် စည်ပင်သာယာရေးအဖွဲ့ဈေးများ၌ Stay at Home ကာလ စည်းကမ်းချက် များနှင့်အညီ ဈေးရောင်းချခြင်းရှိမရှိစစ်ဆေး

ရန်ကုန်တောင်ပိုင်းခရိုင်၊ သန်လျင်မြို့နယ် စည်ပင်သာယာရေးအဖွဲ့ဈေးများ၌ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော Stay at Home ကာလ အတွင်း ပြည်သူများ မဖြစ်မနေစားသောက်ကုန်များဖြစ်သော

ပြည်မြို့အဝင် ကိုဗစ်-၁၉ ထိန်းချုပ်ကာကွယ်ရေး စစ်ဆေးရေးဂိတ်များသို့ တာဝန်ရှိသူများ လိုက်လံစစ်ဆေး

ပဲခူးတိုင်းဒေသကြီး ပြည်မြို့အဝင် ကိုဗစ်-၁၉ ထိန်းချုပ်ကာကွယ်ရေး စစ်ဆေးရေးဂိတ်(၄)ခုသို့ ယနေ့မွန်းလွဲပိုင်းက မြို့နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ တာဝန်ရှိသူများ လိုက်လံစစ်ဆေးလျက်ရှိကြောင်းသိရသည်။

တန့်ယန်းမြို့နယ်တွင် အထွေထွေရွေးကောက်ပွဲဆိုင်ရာ အသိပညာပေးလက်ကမ်းစာစောင် အခမဲ့ဖြန့်ဝေ

ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းမြို့နယ်တွင် ၂၀၂၀ပြည့်နှစ် နိုဝင်ဘာလ ၈ ရက်နေ့၌ ကျင်းပပြုလုပ်မည့် အထွေထွေရွေးကောက်ပွဲကြီး အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ထုတ်ဝေထားသော အသိပညာပေး လက်ကမ်းစာစောင်ကို မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲနှင့် မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက ယနေ့ နံနက်ပိုင်းက မြို့မစျေးကြီးနှင့် ဗိုလ်ချုပ်လမ်းတို့တွင် အခမဲ့ ဖြန့်ဝေခဲ့ကြသည်။

မင်းဘူးခရိုင် စေတုတ္တရာမြို့နယ် ကြီးဝကျေးရွာ အခြေခံပညာအထက်တန်းကျောင်းဆောင်သစ် တည် ဆောက်မှု ရာနှုန်း ပြည့်ပြီးစီး

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စေတုတ္တရာမြို့နယ် ကြီးဝကျေးရွာ အခြေခံပညာအထက်တန်း ကျောင်း စာသင် ကျောင်းဆောင်သစ်အား ၂၀၁၈-၂၀၁၉ဘဏ္ဍာနှစ် ပြည်ထောင်စုခွင့်ပြုရန်ပုံငွေဖြင့် မြတ်ထွန်းနိုင် ကုမ္မဏီက တာဝန်ယူတည် ဆောက်ခဲ့ရာ ယခုအခါ ရာနှုန်းပြည့် ပြီးစီးသွားပြီဖြစ်ကြောင်း မြို့နယ် ပညာရေးမှူးရုံးမှ သိရသည်။

ခိုင်ကမ်းမြို့တွင် ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီ ပုံမှန်ကာကွယ်ဆေးထိုးနှံခြင်းလုပ်ငန်း ဆောင်ရွက်

ချင်းပြည်နယ် ဖလမ်းခရိုင် တီးတိန်မြို့နယ် ခိုင်ကမ်းမြို့တွင် ကိုဗစ်-၁၉ ရောဂါကြိုတင်ကာ ကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီ မွေးကင်းစ ကလေးမှ အသက် နှစ်နှစ်ထိ ပုံမှန်ကာကွယ်ဆေး ထိုးနှံခြင်းကို ယနေ့ နံနက်ပိုင်းမှစ၍ မြို့ ကျေးလက်ကျန်းမာရေးဌာနခွဲတွင် ထိုးနှံပေးလျက်ရှိ ကြောင်း သိရှိရသည်။

မြောက်ဥက္ကလာပမြို့နယ်၌ ကိုဗစ်-၁၉ စီးပွာရေးကုစားမှု အစီအစဉ်အရ ဘိုးဘွားများအား ထောက်ပံ့ငွေများ ဆက်လက်ပေးအပ်

ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ်တွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊

ဘုတ်ပြင်းမြို့တွင် မဲဆန္ဒရှင်အမည်စာရင်းများ ကပ်ထားကြေညာထားရှိမှုကို တာဝန်ရှိသူများမှ ကြည့်ရှုစစ်ဆေး

တနင်္သာရီတိုင်းဒေသကြီး ကော့သောင်းခရိုင် ဘုတ်ပြင်းမြို့နယ်တွင် ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလ ၈ ရက်နေ့ တွင်ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအောင်မြင်စွာ ကျင်းပနိုင်ရေး အတွက် မဲဆန္ဒရှင်အမည်စာရင်းများကို မြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာ အုပ်စုကော်မရှင် အဖွဲခွဲရုံးများတွင် ကြေညာထားမှုအား ယနေ့နံနက်က မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးသိန်းထွန်း ၊ သက်ဆိုင်နယ်မြေကြီးကြပ်အဖွဲ့ဝင်များနှင့် အတူ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်းသိရသည်။

ခိုင်ကမ်းမြို့တွင်းရှိ စေတနာ့ဝန်ထမ်းများသို့ အမျိုးသားအဆင့်စေတနာ့ဝန်ထမ်းဦးဆောင်အဖွဲ့ ဥက္ကဋ္ဌ မှချီးမြှင့်သည့် ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်

ချင်းပြည်နယ် ဖလမ်းခရိုင် တီးတိန်မြို့နယ် ခိုင်ကမ်းမြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ယမန်နေ့ နံနက် ၉ နာရီခွဲအချိန်တွင် ခိုင်ကမ်းမြို့ ကိုဗစ်-၁၉ ကူးစက် ရောဂါ ကာကွယ် ထိန်းချုပ် ကုသရေးဆိုင်ရာ အမျိုးသားအဆင့် စေတနာ့ဝန်ထမ်းများသို့ အမျိုးသားအဆင့်စေတနာ့ ဝန်ထမ်းဦးဆောင် အဖွဲ့ဥက္ကဋ္ဌ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်မှ ချီးမြှင့်သော ဂုဏ်ပြုမှတ်တမ်းလွှာများပေးအပ်ခြင်း အခမ်းအနား ကျင်းပခဲ့သည်။

မကွေးတိုင်းဒေသကြီး ဂန့်ဂေါမြို့နယ် စိုင်ဒူးကျေးရွာနှင့်ရဲလှကျေးရွာတို့တွင် ကုန်ထုတ်လမ်းဖောက်မည့် လမ်းအခြေ အနေအား မြေပြင်ကွင်းဆင်းစစ်ဆေး

၂၀၂၀-၂၀၂၁ ခု ဘဏ္ဍာရေးနှစ် ငွေလုံးငွေရင်းရန်ပုံငွေဖြင့်ဆောင်ရွက်မည့် ကျပ်သန်း(၁၀)သန်း နှင့် (၁၀၀)သန်းကြား ကုန်ထုတ်လမ်းဖောက်လုပ်မည့် မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါမြို့နယ်၊ စိုင်ဒူးကျေးရွာနှင့် ရဲလှကျေးရွာတို့ရှိ လမ်းအခြေ အနေများအား မြေပြင်ကွင်းဆင်းကြည့်ရှုခြင်းကို ယမန်နေ့ နံနက်ပိုင်းအချိန်က ကွင်းဆင်းကြည့်ရှုခဲ့ကြောင်း သိရသည်။
Subscribe to