ကြာအင်းဆိပ်ကြီးမြို့နယ်တွင် Physical Fitness Dance Online Challenge ပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်နိုင်စေရေး အသိပေးနှိုးဆော်

ကြာအင်းဆိပ်ကြီး အောက်တိုဘာ  

ကရင်ပြည်နယ် ကော့ကရိတ်ခရိုင် ကြာအင်းဆိပ်ကြီးမြို့နယ်တွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန အားကစားနှင့်ကာယပညာဦးစီးဌာန(နေပြည်တော်)မှ ကြီးမှူးကျင်းပသည့် Physical Fitness Dance Online Challenge ပြိုင်ပွဲကို အောက်တိုဘာလ ၁၉ရက်နေ့မှစတင်ကာ ကျင်းပသွားမည်ဖြစ်ကြောင်းသိ ရသည်။

အဆိုပါပြိုင်ပွဲကို ကိုဗစ်-၁၉ရောဂါ ဆက်လက်ဖြစ်ပွားနေမှုအခြေအနေအရ Stay Home ကာလအတွင်း ကိုယ်လက်လေ့ကျင့်ခန်းများပြုလုပ်ခြင်းဖြင့် ကျန်းမာနိုင်စေခြင်း Fitness Dance ဝါသနာပါသူများအနေဖြင့် မိမိ၏ Talent ကိုချပြခွင့်ရရှိခြင်း မိမိဝါသနာပါအားကစားဖြင့် မိမိမြို့နယ်၏ ဂုဏ်ကိုဆောင်နိုင် မည်ဖြစ်ကြောင်းသိရသည်။

ထိုပြိုင်ပွဲကို သတ်မှတ်ကကွက်ဖြင့် ပွဲစဉ်()ပွဲ စိတ်ကြိုက်ကကွက်ဖြင့် ပွဲစဉ်()ပွဲ စုစုပေါင်းပွဲစဉ်()ပွဲ ပါဝင်ကာ ပွဲစဉ်အလိုက် အောက်တိုဘာ ၁၉ရက်နေ့မှစတင်ကာ ၂၀၂၁ခုနှစ် ဖေဖေါ်ဝါရီလ ၁၂ရက်နေ့ အထိကျင်းပသွားမည်ဖြစ်ပြီး ပြိုင်ပွဲဝင်များအနေဖြင့် လှုပ်လှုပ်ရှားရှား လူထုအားကစား Facebook Group တွင် Post တင်ပေးရမည်ဖြစ်ကြောင်းသိရသည်။

ပြိုင်ပွဲဝင်များအနေဖြင့် အသေးစိတ်အချက်အလက်များကို ကြာအင်းဆိပ်ကြီးမြို့နယ် အားကစားနှင့် ကာယပညာဦးစီးဌာန  Page ကိုလည်းကောင်း Sped Justin Seikkyi CC အား add အပ်ပြီးဖြစ်စေ  Messagerမှတဆင့်ဖြစ်စေ မြို့နယ်အားကစားမှူး 09254017542 ဖုန်းနံပါတ်ကိုဖြစ်စေ လိုအပ်သည်များကို မေးမြန်းဆွေးနွေးနိုင်ပြီး ပြိုင်ပွဲဝင်နိုင်စေရေးအတွက် ကူညီဆောင်ရွက်ပေးသွား မည်ဖြစ်ကြောင်း သိရသည်။

မျိုးမင်းဦး ပြန်/ဆက်