ပန်းဘဲတန်းမြို့နယ် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီသို့ ဧရာဝတီ ဖောင်ဒေးရှင်းမှ Protective Chamber (Testing Both) နှစ်ခုလှူဒါန်း

ပန်းဘဲတန်း အောက်တိုဘာ ၅


ပန်းဘဲတန်းမြို့နယ် အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းနှင့် အမှတ်(၃)အခြေခံ ပညာမူလတန်းကျောင်းတွင် ထားရှိရန်အတွက် မြို့နယ်ကိုဗစ်-၁၉ ရောဂါထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ ပြန်ရေးကော်မတီထံသို့ Protective Chamber (Testing Booth) နှစ်ခုအား ဧရာဝတီဖောင်ဒေးရှင်းမှ လှူဒါန်းခဲ့ကြောင်း သိရှိရသည်။
ပန်းဘဲတန်းမြို့နယ် Quarantine Centre (၂)ခုရှိ စောင့်ကြည့်လူနာများအား ကိုဗစ်-၁၉ ရောဂါပိုး စစ်ဆေးရာတွင် လုံခြုံစိတ်ချမှုရှိစေရန်အတွက် ဧရာဝတီဖောင်ဒေးရှင်းမှ Protective Chamber (Testing Both) နှစ်ခုအား အမှတ်(၁)တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးသန်းနိုင်ဦးမှတစ်ဆင့် လှူဒါန်းခဲ့ရာ မြို့နယ်ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီဥက္ကဋ္ဌ ဦးကျော်ခိုင်မှ လက်ခံရယူခဲ့ကြောင်း သိရှိရသည်။
နေခြည်(ပြန်/ဆက်)