မိုင်းငေါ့ အောက်တိုဘာ ၅
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ မိုင်းငေါ့မြို့တွင် ကလေးငယ်များ ကျန်းမာသန်စွမ်းစေရန်နှင့် ကူးစက်ရောဂါတို့မှ ကင်းဝေစေရန် ရည်ရွယ်၍ လစဉ် ပုံမှန်ကာကွယ်ဆေးထိုးခြင်း၊ ဆေးတိုက်ခြင်းလုပ်ငန်းများကို ယနေ့နံနက်(၉)နာရီအချိန်ခန့်က မိုင်းငေါ့တိုက်နယ်ကျန်းမာရေးဌာန၌ ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
အဆိုပါကာကွယ်ဆေးထိုးနှံပေးခြင်းလုပ်ငန်းများတွင် အသက်(၂)နှစ်အောက် ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေးများဖြစ်သော ဆုံဆို့၊ ကြက်ညှာ ၊ အသည်းရောင် အသားဝါ(B)ပိုး၊ ဦးနှောက်မြှေးရောင်၊ (၅)မျိုးစပ်ကာကွယ်ဆေး၊ ပိုလီယိုအကြောသေ၊ ဝက်သက်၊ ဂျိုက်သိုး ၊ဂျပန်ဦးနှောက်ရောင်ရောဂါ (၁၁)မျိုးအပြင် ပြင်းထန်ဝမ်းပျက်ဝမ်းလျှော ဖြစ်စေတတ်သော (Rota)ကာကွယ်ဆေးကိုပါ တိုက်ကျွေးကြောင်းနှင့် ကလေးငယ်များအား ပေါင်ချိန်၍ ကိုယ်ကလေးချိန်မှတ်တမ်းရယူခြင်းများလည်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မြင့်သွယ် (မိုင်းငေါ့ ပြန်/ဆက်)