ရန်ကုန် အောက်တိုဘာ ၅
ရန်ကုန်အရှေ့ပိုင်းခရိုင်၊ သာကေတမြို့နယ်တွင် ကိုဗစ်-၁၉ positive အတည်ပြုလူနာများ၏ Contact Person များထားရှိနိုင်ရန်အတွက် ၇/အနောက်ရပ်ကွက်၊ ဇိနမာရ်အောင် စေတီတော် ဝင်းရှိ ဝိမုတ္တိရသဓမ္မာရုံနှင့်ဝိမုတ္တိသုခဓမ္မာရုံ၊ (၇)ရပ်ကွက် အ.ထ.က(၂) အခြေခံပညာ အထက်တန်းကျောင်းနှင့် ၁/ အနော်မာရပ်ကွက်၊ အ.ထ.က(၅) အခြေခံပညာ အထက်တန်း ကျောင်း စသည့်နေရာများတွင် အသွားအလာကန့်သတ်စောင့်ကြည့်နေရာ (၃)နေရာ ဖွင့်လှစ် ထားရှိပါသည်။
ယခုအခါ သာကေတမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါအတည်ပြုလူနာများနှင့် ထိတွေ့မှုရှိသည့် Contact Person များထပ်တိုးလာသည်ဖြစ်၍ Facility Quarantine center (၃)ခုကို ထပ်မံ တိုးချဲ့ ဖွင့်လှစ်ရာ STEEL KING Company Limited မှအလုံးစုံတာဝန်ယူလှူဒါန်းမှုဖြင့် Contact Person များ ထားရှိရန်အတွက် အနော်မာရပ်ကွက်၊ အ.မ.က(၁)ကျောင်းတွင် လူဦးရေ(၆၀)ဦး ဝန်းကျင်ခန့်၊ ၁၀/မြောက်ရပ်ကွက်၊ အ.မ.က(၂၉)တွင် လူဦးရေ(၁၅)ဦးဝန်းကျင်ခန့်၊ ၁၀/မြောက် ရပ်ကွက်၊ အ.မ.က(၁၈)ကျောင်းတွင် လူဦးရေ(၁၀၀)ဦးဝန်းကျင်ခန့်အား ထားရှိသွားရန် အတွက် ပြင်ဆင်ဆောင်ရွက်ထားကြောင်းသိရသည်။
အဆိုပါ contact person နှင့် Positive လူနာများအား တာဝန်ရှိသူများမှ ကျန်းမာရေး စောင့်ရှောက်မှုများနှင့် အစားအသောက်၊ နေရေးထိုင်ရေးအတွက် ပြည့်စုံစွာ စီမံဆောင်ရွက် ပေးထားကြောင်း သိရသည်။
ကိုဘုန်း(ပြန်/ဆက်)