ချောင်းဆုံ အောက်တိုဘာ ၅
၂၀၂၀ ပြည့်နှစ် ပါတီစုံ ဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ဒုတိယ အကြိမ်မဲဆန္ဒရှင် စာရင်းများ ကပ်ထားကြေညာထားမှုကို မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ်တွင် အောက်တို ဘာလ (၁) ရက်နေ့ မှ (၁၄)ရက်နေ့အထိ သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာအုပ်စု ကော်မရှင် အဖွဲ့ခွဲ ရုံး(၄၆) ရုံးတို့တွင် ကပ်ထားကြေညာထားရှိမှုကို ယနေ့ နံနက်(၉)နာရီ ကစတင်ပြီး မြို့နယ် ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲအဖွဲ့ဝင်များမှ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်းသိရသည်။
ဒုတိယအကြိမ် ကပ်ထားသည့် မဲစာရင်းများတွင် မဲဆန္ဒရှင်များအနေဖြင့် မဲစာရင်းများအား ဖြည့်စွက်လိုခြင်း၊ ပယ်ဖျက်လိုခြင်း၊ ကန့်ကွက်လိုခြင်း၊ ပြင်ဆင်လိုခြင်းရှိသည်များကို သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာ ကော်မရှင်အဖွဲ့ခွဲရုံးသို့ ယခုကြေညာသည့် (၁၄)ရက် အတွင်းပြန်လည် ပြင်ဆင်မှု အခြေအနေ၊ မဲစာရင်း ကပ်ထားကြေညာထားရှိမှု အခြေအနေများ၊ မဲဆန္ဒရှင်စာရင်းကပ်ထားကြေညာရာ၌ ကျေးရွာများရှိ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲအဖွဲ့ဝင်များနှင့် တွေ့ဆုံပြီး မဲစာရင်းနှင့်ပတ်သက်၍ ဆောင်ရွက်ထားရှိမှု အခြေ အနေနှင့်လိုအပ်သည်များကို မြိုနယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးမင်းနိုင်နှင့် အဖွဲ့ဝင်များက ရပ်ကွက်/ကျေးရွာအုပ်စု ကော်မရှင် အဖွဲ့ခွဲရုံးတို့တွင် ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
ထူးအိမ်(ချောင်းဆုံ)