ကမာရွတ်မြို့နယ်အတွင်းရှိ အသွားအလာကန့်သတ်စောင့်ကြည့်နေရာ  များသို့ လိုအပ်သည်များ လာရောက်လှူဒါန်း

ကမာရွတ် အောက်တိုဘာ ၅

 ရန်ကုန်အနောက်ပိုင်းခရိုင်၊ ကိုဗစ်-၁၉ ကာကွယ် ထိန်းချုပ်ကုသရေးလုပ်ငန်းများ ဆောင်ရွက် လျက် ရှိရာတွင် ကမာရွတ်မြို့နယ်အတွင်းရှိ Quarantine Center များ နှင့်လိုအပ်သည့် နေရာများတွင် အသုံးပြုနိုင်ရန်အတွက် ၂၀၂၀-၂၀၂၁ပညာသင်နှစ်၊ အ.ထ.က(၂)ကမာ ရွတ် ကျောင်း မိသားစုမှ PPE ဝတ်စု (၅၀)စုံ တို့ကို ယမန်နေ့ နေ့လယ်(၁၂)နာရီက လာရောက် လှူဒါန်းခဲ့သည်။

အလားတူ အလှူရှင်မိသားစုများမှလည်း ကာကွယ်ထိန်းချုပ်ကုသရေးလုပ်ငန်းများ ဆောင်ရွက် ရာတွင် အသုံးပြုနိုင်ရန်အတွက် PPE ဝတ်စုံ (၃၀)စုံ၊ Level 2(၁၅၀)၊ မျက်မှန်(၂၀)စုံ နှင့် Enervon-C (၁၂)ဗူး တို့အား အသွားအလာကန့်သတ်စောင့်ကြည့်နေရာများသို့လာ ရောက် လှူဒါန်းခဲ့ကြောင်းသိရသည်။

အဆိုပါလာရောက်လှူဒါန်းမှုကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့နယ်အုပ်ချုပ် ရေးမှူး ဦးသိန်းဇော်ဦးက လက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ခဲ့ကြောင်း သိရသည်။

အသွားအလာကန့်သတ်စောင့်ကြည့်နေရာများသို့ စေတနာရှင် အလှူရှင်များက အလှူငွေများ၊ ကာကွယ်ရေးသုံး ပစ္စည်းများနှင့် စားသောက်စရာများကို နေ့စဉ်မပြတ် လှူဒါန်းလျက်ရှိကြောင်း သိရသည်။

စိမ်းလဲ့(ပြန်/ဆက်)