ပန်းဘဲတန်းမြို့နယ် (၂၆)လမ်းဈေးအား အောက်တိုဘာလ (၆)ရက်နေ့မှစတင်၍ ယာယီပိတ်ထား မည်

ပန်းဘဲတန်း အောက်တိုဘာ ၅

ပန်းဘဲတန်းမြို့နယ်၊ (၂၆)လမ်းပျံကျဈေးအား မြို့နယ်ကိုဗစ်-၁၉ရောဂါထိန်းချုပ် ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီ၏ အစည်းအဝေးဆုံးဖြတ်ချက်အရ အောက်တိုဘာလ (၆) ရက်နေ့မှ စတင်၍ယာယီပိတ်သိမ်းထားမည်ဖြစ်ကြောင်း သိရှိရသည်။

ပန်းဘဲတန်းမြို့နယ်၊ အမှတ်(၂)ရပ်ကွက် (၂၆)လမ်းပျံကျဈေးအတွင်းရှိ အဆောင် နေအိမ်တွင် စက်တင်ဘာလ (၂၁)ရက်နေ့တွင် ကိုဗစ်လူနာပိုးရှိသူ (၂၂)ဦး တွေ့ရှိ ပြီးနောက် အောက်တိုဘာလ (၄)ရက်နေ့တွင် မဟာသိမ်တော်ကြီးပရိယတ္တိ စာသင်တိုက်မှ သံဃာတော်(၇၆)ပါးနှင့် ကပ္ပိယ (၁၄)ဦး ကိုဗစ်-၁၉ရောဂါပိုး စစ်ဆေးတွေ့ရှိမှုကြောင့် သိမ်တော်ကြီးစာသင်တိုက်နှင့် ကပ်လျက် ရှိသော (၂၆)လမ်းပျံကျဈေးသည် ကိုဗစ်-၁၉ရောဂါ ကူးစက်လွယ်သော နေရာဖြစ်ကြောင်း သုံးသပ်ခဲ့ပြီး မြို့နယ်ကိုဗစ်-၁၉ရောဂါထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီ အစည်း အဝေး ဆုံးဖြတ်ချက်အရ အောက်တိုဘာလ (၆)ရက်နေ့မှ စတင်ပြီး ယာယီပိတ်ထားရန်အတွက် မြို့နယ် စည်ပင်သာယာရေးမှ တာဝန်ရှိသူများက ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရှိရ သည်။

နေခြည်(ပြန်/ဆက်)