မွန်ပြည်နယ် ကျိုက်မ​ရောမြို့နယ်၌ ၂၀၁၉-၂၀၂၀ ခုနှစ် သဘာဝဘေးအန္တရာယ်​ကြောင့် ပျက်စီး သွား​သော ကြံသီးနှံ ပျက်စီးဧက(၇၀)အတွက် ​​ထောက်ပံ့ငွေပေးအပ်

ကျိုက်မ​ရော  ​အောက်တိုဘာ    ၅

မွန်ပြည်နယ်၊ကျိုက်မ​ရောမြို့နယ်တွင် ၂၀၁၉-၂၀၂၀ ခုနှစ်အတွင်း သဘာဝ ​ဘေးအန္တရာယ်​ကြောင့် ပျက်စီးသွား​သော ကြံသီးနှံပျက်စီး ဧက (၇၀ )အား ကိုဗစ်-၁၉ ​ရောဂါစီးပွား​ရေးကုစားမှု အစီအစဉ်ဖြင့်ကြံစိုက်​ တောင်သူများ အား ​ထောက်ပံ့ငွေပေးအပ်ပွဲကို ယ​နေ့ နံနက် ၁၀ နာရီက မြို့နယ်အ​ထွေထွေအုပ်ချုပ်​ရေးဦးစီးဌာန၊(​ရွှေဟင်္သာ) ခန်းမ၌ပြုလုပ်ခဲ့သည်။
​ရှေးဦးစွာ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ​ဒေါ်ခင်မျိုးမြင့်က အဖွင့်အမှာစကား​ပြောကြားပြီး မြို့နယ်စိုက်ပျိုး​ရေးဦးစီးဌာန၊ စိုက်ပျိုး​ရေးဦးစီးမှူး ဦးလှတင်​မောင်က  ကြံစိုက်​တောင်သူများအား ထောက်ပံ့​ငွေများ ပေးအပ် ရခြင်းနှင့်ပတ်သက်၍ ရှင်းလင်း​ပြောကြားခဲ့သည်။

ထို့​နောက် ပျက်စီးသွား​ သော ကြံစိုက်ဧက  ၇၀ အတွက် ​တစ်ဧကလျှင် ​​​ငွေကျပ် ၅၀၀၀ဝိ/- နှုန်းဖြင့် ​​ကြံစိုက်​တောင်သူ၃ဦးတို့အား ​စုစု​ပေါင်းထောက်ပံ့​ငွေ ၃၅သိန်းကို ပြည်နယ်လွှတ်​တော် ကိုယ်စားလှယ် ​ဒေါ်ခင်မျိုးမြင့် နှင့် တာဝန်ရှိသူများက ​တောင်သူတစ်ဦးချင်းထံ​​ထောက်ပံ့​ငွေများ ပေးအပ်ခဲ့ကြ​ကြောင်းသိရသည်။
ချိုချို(ပြန်/ဆက်)