သရက်ခရိုင် အောင်လံမြို့နယ်တွင် ကိုဗစ်−၁၉ စီးပွားရေးကုစားမှုအစီအစဉ်အရ အသက်(၈၀)နှစ်နှင့် (၈၅) နှစ်ကြား သက်ကြီးဘိုးဘွား(၁၆၆၅)ဦးအား လူမှုရေးပင်စင်ထောက်ပံ့ငွေများပေးအပ်

အောင်လံ အောက်တိုဘာလ ၅

မကွေးတိုင်းဒေသကြီး သရက်ခရိုင် အောင်လံမြို့နယ်တွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေး ဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာနမှ ကိုဗစ်−၁၉ စီးပွားရေးကုစားမှုအစီအစဉ်အရ အသက်(၈၀)နှစ်မှ (၈၅)နှစ်ကြား သက်ကြီးဘိုးဘွားများအား လူမှုရေးပင်စင်ထောက်ပံ့ငွေများကို ယနေ့ နံနက် (၁၀)နာရီက အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့နယ်အုပ်ချုပ်ရေးမှူးရုံး အစည်းအဝေးခန်းမတွင် ပေးအပ်ခဲ့ကြောင်း သိရသည်။

ထိုသို့ပေးအပ်ရာတွင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဝင်းသန်းက သက်ဆိုင်ရာ ရပ်ကွက်/ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများနှင့် ရပ်ကျေးစာရေးဝန်ထမ်းများထံလွှဲပြောင်း ပေးအပ်ပြီး တာဝန်ရှိသူများမှ အောင်လံ မြို့နယ်အတွင်းရှိ ရပ်ကွက်(၉)ရပ်ကွက်၊ ကျေးရွာအုပ်စု(၉၁)အုပ်စုမှ အသက်(၈၀) နှစ်မှ (၈၅)နှစ်ကြား သက်ကြီး ဘိုးဘွား(၁၆၆၅)ဦးအတွက် တစ်ဦးလျှင်(၃၀၀၀၀)ကျပ်နှုန်းဖြင့် ငွေကျပ်− ၄၉၉၅၀၀၀၀/- (ကျပ်လေးရာကိုးဆယ့် ကိုးသိန်း ငါးသောင်းတိတိ)ကို အိမ်တိုင်ရာရောက်လိုက်လံ ထောက်ပံ့ပေး အပ်သွားမည်ဖြစ်ကြောင်းသိရသည်။

မျိုးသိန်း(ပြန်/ဆက်)