ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ရေး အသိပညာပေးရေးလုပ်ငန်းများ မြို့ပေါ်ရပ်ကွက်နှင့် စျေးများတွင် အသိပညာပေး ဆောင်ရွက်

တောင်ငူခရိုင်ပြန်ကြားရေးနှင့်ပြည်သူဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက ကိုဗစ်-၁၉ ကြိုတင် ကာကွယ်ရေး အသိပညာပေးလုပ်ငန်းများကို တောင်ငူမြို့နယ် ညောင်ပင်လေးစျေးနှင့်အမှတ် ၁၉ ရပ်ကွက်သို့ ယနေ့နံနက်ပိုင်းက ကွင်းဆင်း၍ အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ဖရူဆိုမြို့နယ်အတွင်းရှိ အသက်(၈၀) နှစ်ပြည့်ပြီး အသက်(၈၅) နှစ်အောက် သက်ကြီးဘိုးဘွားများအား အိမ်တိုင်ရာရောက် ထောက်ပံ့ငွေများ သွားရောက်ပေးအပ်

နိုင်ငံတော်အစိုးရအနေဖြင့် အသက်(၈၀) နှစ်ပြည့်ပြီး အသက်(၈၅) နှစ်အောက် သက်ကြီး ဘိုးဘွားများအား ကိုဗစ်-၁၉ စီးပွားရေးကုစားမှုအစီအစဉ်အရ စားဝတ်နေရေးအဆင်ပြေစေရန် အတွက် ထောက်ပံ့ငွေများ ပေးအပ်လျက်ရှိရာ အောက်တိုဘာလ ၅ ရက်နေ့တွင် တာဝန်ရှိသူတို့က အိမ်တိုင်ရာ ရောက် သွားရောက်ထောက်ပံ့ ပေးအပ်ခဲ့ကြောင်း သိရသည်။

ပင်လောင်းမြို့နယ်အတွင်း အသက် ၈၀နှစ် အထက်မှ အသက် ၈၅ နှစ်မပြည့်သေးသည့် ဘိုးဘွားများနှင့် ထောက်ပံ့ ငွေမရရှိသေးသည့် မသန်စွမ်းသူထပ်တိုးများအား ထောက်ပံ့ငွေများ ပေးအပ်

ရှမ်းပြည်နယ်တောင်ပိုင်း ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်လောင်းမြို့နယ် လူမှုဝန်ထမ်း ဦးစီးဌာနမှ နိုင်ငံတော် အစိုးရ၏ ကိုဗစ်-၁၉ ရောဂါ စီးပွားရေးကုစားမှု အစီအစဉ်ဖြင့် အသက် ၈၀နှစ် ပြည့်ပြီး အသက် ၈၅ နှစ်မပြည့်သေးသည့် သက်ကြီးဘိုးဘွားများအား ထောက်ပံ့ငွေပေးအပ်ခြင်းနှင့် မသန်စွမ်း ထောက်ပံ့ငွေ မရရှိ သေးသည့် ကျန်ရှိသော မသန်းစွမ်းသူများအား ထပ်တိုးထောက်ပံ့ ငွေပေးအပ်ခြင်းကို ယနေ့ နံနက် ပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေး ခန်းမတွင် ထောက်ပံ့ငွေများ ပေးအပ်သည်။

တမူးခရိုင်၊ မြို့သစ်မြို့၌ သဘာဝဘေးကြောင့် မိုးစပါးပျက်စီးဆုံးရှုံးခဲ့သည့် စိုက်ပျိုးဧက(၃၆)ဧကအတွက် ထောက်ပံ့ငွေပေးအပ်

စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးခရိုင်၊ မြို့သစ်မြို့၌ ၂၀၁၈-၂၀၁၉  ခုနှစ်၊ မိုးရာသီကာလ သဘာဝဘေး မိုးလိုမိုးခေါင်ခြင်း(သံဇဉ်လွတ်)ကြောင့် မိုးစပါးပျက်စီးဆုံးရှုံးခဲ့သည့် စိုက်ပျိုးဧက(၃၆)ဧကအတွက် တောင်သူ များအား ထောက်ပံ့ငွေပေးအပ်ပွဲကို ယနေ့ နံနက် ၁၀ နာရီက မြို့သစ်မြို့ ၊ အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေး ခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။

စစ်ကိုင်းခရိုင်၊  မြင်းမူမြို့နယ်အတွင်းရှိ    ဒေသခံတောင်သူများအတွက် အန္တရာယ်ကင်းစင်သည့် သဘာဝပိုးသတ်ဆေးဖျော်ရည် ပြုလုပ်နည်းလက် တွေ့ပြသ

စစ်ကိုင်းခရိုင်၊  မြင်းမူမြို့နယ်အတွင်းရှိ    ဒေသခံတောင်သူများ၏    စိုက်ပျိုးရေးလုပ်ငန်းများတွင်  ကိုယ်တိုင် ပြုလုပ် သုံးစွဲနိုင်ရန်အတွက် သဘာပိုးသတ်ဆေးဖျော်ရည်ပြုလုပ်သုံးစွဲမှု   တောင်သူနည်းပညာ ပေးပြသ ဆောင်ရွက်ခြင်းကို ယမန်နေ့က မြင်းမူမြို့၊  မြို့မမြောက်ရှိ ဒေသခံတောင်သူ ဒေါ်နွဲ့ကြည်အိမ်တွင် ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။

ဟားခါးမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ရပ်ကွပ်/ကျေးရွာအုပ်စုစာရေးများအတွက် ဒုတိယအကြိမ် ငွေကျပ်(၃၈)သိန်း ထောက်ပံ့

ဟားခါးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဉီးစီးဌာန၊ ရပ်ကွက်၊ ကျေးရွာအုပ်စုစာရေး ဝန်ထမ်းများ အနေဖြင့် မူလလုပ်ငန်းတာဝန်အပြင် COVID-19 ကာကွယ်၊ တားဆီး၊ ထိန်းချုပ်ရေးဆိုင်ရာကိစ္စရပ် များတွင် ပူးပေါင်းပါဝင်ဆောင်ရွက်ခြင်း၊ အသိပေးကြေညာချက်များအား ရပ်ကွက်၊ ကျေးရွာများ အတွင်း နေ့စဉ်လှည့်လည်ကြေညာခြင်း၊ ခြေခံလူတန်းစားများအား ထောက်ပံ့ပေးအပ်ရန် အတွက် စာရင်းဇယား ပြုစု၊ ထောက်ပံ့ခြင်းနှင့် ၂၀၂၀ပြည့်နှစ်အထွေထွေရွေးကောက်ပွဲအတွက် လူဦးရေစာရင်း ကောက်ခံခြင်း၊ မဲစာရင်းများပြုစုခြင်း၊ ပြင်ဆင်၊ ဖြည့်စွက်ခြင်းလုပ်ငန်း တာဝန်များကို ထမ်းဆောင်ပေးလျက်ရှိသဖြင့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန(ရုံးချုပ်)မှ ပေးပို့သည့် ထောက်ပံ့ငွေများ ပေးအပ်ပွဲအခမ်းအနားကို ယနေ့မွန်းလွဲ ၂ နာရီက ဟားခါးမြို့၊ မြို့နယ်စုပေါင်းရုံး အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ကြောင်း သိရှိရသည်။

မိုင်းခုတ်မြို့၌ စျေးရောင်းစျေးဝယ်သူများ လိုက်နာရမည့် ကိုဗစ်-၁၉ အသိပညာပေးလက်ကမ်းစာစောင် ဖြန့်ဝေခြင်းနှင့် ပိုစတာစိုက်ထူခြင်း ဆောင်ရွက်

ရှမ်းပြည်နယ်(အရှေ့ပိုင်း)မိုင်းဆတ်ခရိုင်၊ မိုင်းခုတ်မြို့တွင် ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်နိုင်ရန် အတွက် စျေးရောင်းစျေးဝယ်သူများ လိုက်နာရမည့် ကိုဗစ်-၁၉ အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းနှင့် ပိုစတာများ စိုက်ထူခြင်းကို ယနေ့နံနက် ၁၀ နာရီက မြို့စည်ပင်သာယာရေးဌာနမှ ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

ရွှေဘိုခရိုင် ကျောက်မြောင်းမြို့တွင် မိုးစပါး မိုးလိုမိုးခေါင်သဘာဝဘေးကြောင့် သီးနှံပျက်စီး ဆုံးရှုံးသည့် ဧက များ အတွက်ငွေကျပ် ၂၅၉ သိန်း ၃ သောင်း ထောက်ပံ့

စစ်ကိုင်းတိုင်းဒေသကြီး၊ရွှေဘိုခရိုင်၊ကျောက်မြောင်းမြို့မြို့အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးရှိအစည်းအဝေးခန်းမတွင် ယနေ့ နံနက် ၉ နာရီ အချိန်က(၂၀၁၉-၂၀၂၀)မိုးစပါး မိုးလိုမိုးခေါင် သဘာဝဘေးကြောင့် သီးနှံပျက်စီးဆုံးရှုံးရ သည့် ဧကများအတွက်စိုက်ပျိုးရေးဦးစီးဌာနမှ တောင်သူများထံသို့ ငွေကျပ် ၂၅၉ သိန်း ၃ သောင်းပေးအပ်ခြင်း အခမ်းအနား ကျင်းပပြု လုပ်ခဲ့ကြောင်းသိရသည်။
Subscribe to