ကိုဗစ်-၁၉ စီးပွားရေးကုစားမှုအစီအရ အသက်(၈၀)နှစ်နှင့် (၈၅)နှစ် အတွင်း သက်ကြီးဘိုးဘွားများအား ထောက်ပံ့ ငွေပေးအပ်

 

တောင်ကြီး အောက်တိုဘာ ၅

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန် လည်နေရာချထားရေးဝန်ကြီးဌာန လူမှုဝန်ထမ်းဦးစီးဌာနမှ ကိုဗစ်-၁၉ စီးပွားရေးကုစားမှုအစီအစဉ်အရ အသက်(၈၀)နှစ်နှင့် (၈၅)နှစ် အတွင်း သက်ကြီးဘိုးဘွားများအား ထောက်ပံ့ ငွေပေးအပ်ခြင်းကို ယနေ့နံနက် နာရီ ၃၀ မိနစ်အချိန်ခန့်က တောင်ကြီးမြို့ လူမှုဝန်ထမ်း ဦးစီး ဌာနမှ အိမ်တိုင်ရာအရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

ယင်းသို့ထောက်ပံ့ပေးအပ်ရာတွင် ရှမ်းပြည်နယ်လူမှုဝန်ထမ်းဦးစီးဌာန ဦးစီးအရာရှိ ဒေါ်အေးစန္ဒာလှိုင်နှင့် တာဝန်ရှိသူများကတောင်ကြီးမြို့ပေါ်ရှိ မြို့မရပ်ကွက်တွင် သက်ကြီးဘိုးဘွား(၆)ဦး၊ ကံသာရပ်ကွက် တွင်(၂၈)ဦး ၊ဟော်ကုန်းရပ်ကွက်တွင်(၁၁)ဦးတို့အား ရပ်ကွက်ရုံးနှင့် အိမ်တိုင်ရာရောက် သွားရောက် ထောက်ပံ့ ပေးခဲ့ကြောင်း၊ ကိုဗစ်-၁၉  စီးပွားရေးကုစားမှု အစီအစဉ်အရ အသက်(၈၀)နှစ်နှင့် (၈၅)နှစ် အတွင်း သက်ကြီး ဘိုးဘွားများမှာ ရှမ်း ပြည်နယ်(တောင်ပိုင်း)တောင်ကြီးခရိုင် တွင်(၅၀၃၆)ဦး၊ လွိုင်လင်ခရိုင် တွင် (၉၃၆)ဦး၊ လင်းခေး(၄၂၄)ဦး၊ ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံ ခရိုင်တွင်(၉၈၄) ဦး၊တာချီလိတ် ခရိုင်တွင် (၆၀၉) ဦး၊ မိုင်းဆတ်ခရိုင် တွင်(၁၆၁) ဦး ၊ ရှမ်းပြည်နယ် (မြောက်ပိုင်း) လားရှိုးခရိုင်တွင်(၁၁၉၂)၊ ဟိုပန်ခရိုင် တွင်(၆၀) ဦး၊ လောက်ကိုင် ခရိုင်တွင်(၆၇) မိုးမိတ်ခရိုင်တွင်(၅၂၈)ဦး၊ မက်မန်း ခရိုင်တွင်(၁၀)ဦး၊ မူဆယ် ခရိုင်တွင် (၁၀၆၀)၊ ကျောက်မဲခရိုင်တွင်(၂၁၈၄)ဦး၊ စုစုပေါင်း(၁၃၂၅၁)ဦးရှိကြောင်းနှင့် တစ်ဦး လျှင် ငွေကျပ် (၃) သောင်းနှုန်းဖြင့် ထောက်ပံ့ပေးအပ်ကြောင်း သိရှိရသည်။

ဆက်လက်၍ လူမှုဝန်ထမ်းဦးစီးဌာနမှ ရှမ်းပြည်နယ်အတွင်းရှိ ကိုယ်ဝန်ဆောင်မိခင်များနှင့် မွေးဖွားလာသော အသက်(၂)နှစ်အောက်ကလေးသူငယ်များအား ငွေကြေးထောက်ပံ့သည့် အစီအစဉ် (MCCT)နှင့် ပတ်သက်၍ ၂၀၁၉-၂၀၂၀ခု၊ ဘဏ္ဍာရေးနှစ်တတိယသုံး လပတ်နှင့် စတုတ္ထသုံးလပတ်အတွက် အကျဉ်းထောင်များတွင် ရှိသော သတ်မှတ်ချက်နှင့်ကိုက်ညီသည့် အကျိုးခံစားခွင့်ရှိသူ (၁၂)ဦး၊ လွယ်တိုင်းလန်ဒေသ အတွက် အကျိုး ခံစားခွင့် ရှိသူ(၄၆)ဦး၊ စုစုပေါင်း(၅၈)ဦးအတွက် ထောက်ပံ့ငွေ (၄၅၄၅၀၀၀)ကျပ်ကို ရှမ်းပြည်နယ် အစိုးရ အဖွဲ့ဝင် ဗမာတိုင်းရင်းသားလူမျိုးရေးရာ ဝန်ကြီးဒေါက်တာ အောင်သန်းမောင်က ပေးအပ်ရာ RCSSနှင့် အစိုးရကြားဆက်ဆံရေး တာဝန်ခံ ဗိုလ်မှူးနန်းစံဖေါင်း မှ လက်ခံရယူကြောင်းသိရသည်။

အဆိုပါ ကိုယ်ဝန်ဆောင်နှင့်မွေးဖွားလာသော(၂)နှစ်အောက်ကလေးသူငယ်များသည် တောင်ကြီး မြို့နယ်တွင် ကိုယ်ဝန်ဆောင်(၃၈)ဦး နှင့်ကလေး(၁၉)ဦးစုစုပေါင်း(၅၇)ဦးအားထောက်ပံ့ ငွေ(၄၅၆၀၀၀၀)၊ ရပ်စောက် မြို့နယ်တွင် ကိုယ်ဝန်ဆောင်(၂၇၀)ဦးနှင့်ကလေး(၁၇၁)ဦးစုစုပေါင်း(၄၄၁)ဦးအား ထောက်ပံ့ငွေ (၃၅၄၄၅၀၀၀) ထောက်ပံ့ပေးအပ်သွားမည် ဖြစ်ကြောင်းသိရှိ ရသည်။

မောင်မောင်သန်း(တောင်ကြီး)