ပန်းဘဲတန်းမြို့နယ်တွင် မဲရုံဆောင်ရွက်မည့်နေရာများသို့ ကွင်းဆင်းကြည့်ရှု
ပန်းဘဲတန်းမြို့နယ်တွင် အများပြည်သူများ အလွယ်တကူမဲပေးနိုင်မည့် မြေညီထပ်တွင် မဲရုံများ ဖွင့်လှစ် ဆောင်ရွက်နိုင်ရေးအတွက် မဲရုံဆောင်ရွက်မည့် နေရာများသို့ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်ခိုင်နှင့် တာဝန်ရှိသူများ ယမန်နေ့ မွန်းလွဲပိုင်းက ကွင်းဆင်းကြည့်ရှုခဲ့ကြောင်း သိရှိရသည်။