မြဝတီ အောက်တိုဘာ ၆
ကရင်ပြည်နယ်၊ မြဝတီမြို့နယ်၌ ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲတွင် မဲရုံလုံခြုံရေး တာဝန်ထမ်းဆောင်မည့် အထူးရဲ ၈၃ ဦးအား အောက်တိုဘာလ ၁ ရက်နေ့မှစတင်ပြီး မဲရုံလုံခြုံရေး ဆိုင်ရာ ဆင့်ပွားသင်တန်း ဖွင့်လှစ်ပို့ချပေးလျက်ရှိကြောင်း မြဝတီခရိုင်ရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။
မဲရုံတစ်ရုံတွင် အထူးရဲတစ်ယောက်နှုန်းဖြင့် မြဝတီမြို့နယ်ရှိ မဲရုံ ၈၃ ရုံအတွက် ၈၃ ဦးကို နေရာသုံးနေရာခွဲ၍ ဆင့်ပွားသင်တန်း ပို့ချပေးလျက်ရှိသည်။ အဆိုပါ သင်တန်းကို အောက်တိုဘာ ၁ ရက်နေ့မှ ၂၈ ရက်နေ့အထိ သင်တန်းပို့ချသွားမည်ဖြစ်သည်။
မြဝတီမြို့နယ်ရှိ စုစုပေါင်း အထူးရဲ (၈၃)ဦးတို့အား သက်ဆိုင်ရာနယ်မြေရဲစခန်းမှူးများက ဦးဆောင် ပြီး မဲရုံလုံခြုံရေးဆိုင်ရာ ဆင့်ပွားသင်တန်းကို ပို့ချပေးနေပြီး အထူးရဲများ၏ တာဝန်ချိန် သက်တမ်းကာလသည် အောက်တိုဘာ ၁ ရက်နေ့မှ နိုဝင်ဘာ ၁၅ ရက်နေ့အထိဖြစ်ကာ သင်တန်းတွင် လက်နက်မဲ့စစ်ရေးပြ သင်ခန်းစာ၊အထူးရဲတပ်ဖွဲ့ဝင် တစ်ဦး၏ သိသင့်သိထိုက်သောသင်ခန်းစာများနှင့် ရွေးကောက်ပွဲဥပဒေဆိုင်ရာ သင်ခန်းစာများ ပါဝင်ကြောင်းသိရသည်။
မန်းသန်းရွှေမြင့်