မိုင်းငေါ့မြို့တွင် စားသောက်ဆိုင်များအားလုံး Take-away (ပါဆယ်)စနစ်ဖြင့် ရောင်းချစေရေး ဒုတိယအကြိမ်ကွင်းဆင်းစစ်ဆေး

မိုင်းငေါ့ အောက်တိုဘာ ၆

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ မိုင်းငေါ့မြို့အတွင်းရှိဖွင့်လှစ်ရောင်းချလျက်ရှိ သောစားသောက်ဆိုင်များအား ပါဆယ်စနစ်ဖြင့်သာ ရောင်းချနိုင်ရေးအတွက် ယနေ့ နံနက်(၁၁) နာရီအချိန်ခန့်က မိုင်းငေါ့မြို့စည်ပင်သာယာရေးဌာနမှ တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

ကိုဗစ်၁၉ရောဂါဆင့်ပွားကူးစက်ပြန့်ပွားမှုမရှိစေရေးအတွက် မိုင်းငေါ့မြိုအတွင်းရှိ စားသောက်ဆိုင်များအားလုံး ဆိုင်ထိုင်စားသောက်ရောင်းချခြင်း မပြုကြရန်၊ (ပါဆယ်)စနစ်ဖြင့်သာ ရောင်းချနိုင်ရေးနှင့် ရောင်းချရာ၌လည်း ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားသောကိုဗစ်-၁၉ရောဂါ ကာကွယ်တားဆီးရေးဆိုင်ရာ ညွှန်ကြားချက်များနှင့်အညီ ဆောင်ရွက်ထားကြရန် စသည်တို့ကို ကွင်းဆင်းစစ်ဆေးခဲ့ပြီး ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ရေး လမ်းညွှန်ချက်များဖြင့် ရောင်းချခြင်းမရှိပါက အ‌ရေးယူဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။

အဆိုပါကွင်းဆင်းစစ်ဆေးမှုကို မိုင်းငေါ့မြိုစည်ပင်သာယာရေးဌာန ဦးအောင်ချမ်းငြိမ်း (ဒုတိယဦးစီးမှူး) မြို့နယ်ခွဲတာဝန်ခံမှ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရသည်။

မြင့်သွယ်(မိုင်းငေါ့ပြန်/ဆက်)