ငွေဆောင်မြို့အဝင်ဂိတ်တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေး ဆောင်ရွက်နေမှုများကွင်းဆင်း စစ်ဆေး

ငွေဆောင်   အောက်တိုဘာ   ၆

ငွေဆောင်မြို့တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် ကူးစက်မှုမရှိစေရေးအတွက် မြို့အဝင်စစ်ဆေးရေးဂိတ်တွင် တာဝန်ကျဝန်ထမ်းများ၏ ဆောင်ရွက်နေမှုများကို ယနေ့ နံနက် ၇ နာရီချိန်တွင် ငွေဆောင်မြို့အုပ်ချုပ်ရေးမှူး ဦးဝဏ္ဏဝင်းက သွားရောက် စစ်ဆေးခဲ့ကြောင်း သိရ သည်။

ငွေဆောင်မြို့အဝင် စစ်ဆေးရေးဂိတ်တွင် တာဝန်ကျ ဌာနဆိုင်ရာများမှ မြို့အတွင်းသို့ ကုန်စည်စီး ဆင်းမှုအတွက် ဝင်ထွက်သွားလာနေသည့် ကုန်တင်ယာဉ်ကြီးများ၏ ယာဉ်မောင်းနှင့် ယာဉ်နောက် လိုက်များ၊ မဖြစ်မနေ ခရီးသွားလာနေရသည့် ပြည်သူများအား ကျန်းမားရေးနှင့် အားကစားဝန်ကြီး ဌာန၏ ညွှန်ကြားချက်များနှင့်အညီ ကိုယ်အပူချိန် တိုင်းတာခြင်း၊ ခရီးသွားမှတ်တမ်းရေးသွင်းခြင်း၊ နှာခေါင်းစည်း တပ်ဆင်စေခြင်း၊ ခရီးသွားထောက်ခံစာ ပါ/မပါစစ်ဆေးခြင်း၊ လက်ကိုစနစ်တကျ ဆေးကြောစေခြင်း၊ ကျန်းမာရေး အသိပညာပေးခြင်းများ ဆောင်ရွက်နေမှုကို ကြည့်ရှုစစ်ဆေးခဲ့ သည်။

ထိုသို့စစ်ဆေးဆောင်ရွက်ရာတွင် မြို့အုပ်ချုပ်ရေးမှူးမှ မြို့အဝင်ဂိတ်တာဝန်ကျ ဝန်ထမ်းများအား ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ ညွှန်ကြားချက်များနှင့်အညီ လိုက်နာ ဆောင်ရွက်ကြရန်၊ ထူးခြားမှုရှိပါက အချိန်နှင့်တစ်ပြေးညီ သတင်းပေးပို့ရန် မှာကြားခဲ့ကြောင်းသိရသည်။

မူမူသွင်(ပြန်/ဆက်)