ပုသိမ်ခရိုင်အတွင်း ဒုတိယအကြိမ်မဲစာရင်းများ ကပ်ထားကြေညာ
၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ ၈ ရက်နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် မဲဆန္ဒရှင်စာရင်းများကို ဒုတိယအကြိမ် အဖြစ် ယခုလ ၁ ရက် နေ့မှ ၁၄ ရက်နေ့အထိ (၁၄)ရက်ကြာ ပုသိမ်ခရိုင်အတွင်းရှိ မြို့နယ်များမှ ရပ်ကွက်/ကျေးရွာ ရွေးကောက်ပွဲကော်မရှင်ရုံးများ၌ ကြေညာကပ်ထား ပေးလျက်ရှိကြောင်း သိရသည်။