လှိုင်းဘွဲမြို့နယ်တွင် မဲဆန္ဒရှင်စာရင်းများ ကပ်ထားကြေညာထားရှိမှုအား ခရိုင်အဖွဲ့ခွဲအဖွဲ့ဝင်များက ကြည့်ရှုစစ်ဆေး
၂၀၂၀ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် လှိုင်းဘွဲမြို့နယ်အတွင်းရှိ မဲဆန္ဒနယ်မြေများတွင် ဆန္ဒမဲစာရင်းများ ကပ်ထားကြေညာထားရှိမှုအခြေအနေများကို ယမန်နေ့က ခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲအဖွဲ့ဝင်များနှင့် မြို့နယ်ရွေးကော်ပွဲကော်မရှင်အဖွဲ့ခွဲအဖွဲ့ဝင်များက ကွင်းဆင်းကြည့်ရှုစစ်ဆေးလျက်ရှိကြောင်း သိရသည်။