Physical Fitness Dance အကပြိုင်ပွဲဝင်ရောက်ယှဉ်ပြိုင်မည့် ကျောင်းသူများ အစမ်းလေ့ကျင့်မှုများ ပြုလုပ်

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ မိုင်းနောင်မြို့ ပြန်/ဆက်ဦးစီးဌာနနှင့် ပညာရေးဌာနတို့ ပူးပေါင်း၍ ၂၀၂၀ ပြည့်နှစ် အောက်တိုဘာ ၁၀ ရက်နေ့မှ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁၅ ရက်နေ့ အထိ ကျင်းပပြုလုပ်မည့် Physical Fitness Dance ခေါင်းစဉ်ဖြင့် လှုပ်လှုပ်ရှားရှား လူထုအားကစား Facebook page မှ Challenge ပြိုင်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်မည့် ကျောင်းသူများအား အစမ်းလေ့ကျင့်မှုများ ပြုလုပ်ဆောင်ရွက်ပေးလျက်ရှိသည်။

လှိုင်မြို့နယ်ကိုဗစ်-၁၉ထိန်းချုပ်ရေး နှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီသို့ PPE  ဝတ်စုံနှင့် Maskများလှူဒါန်း

ရန်ကုန်အ​နောက်ပိုင်းခရိုင်၊ လှိုင်မြို့ နယ်ကိုဗစ်-၁၉ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီသို့ ယ​နေ့နံနက်က PPEဝတ်စုံ၊ Maskနှင့် လက်သန့်​ဆေးများအား လာ​ရောက်​လှူဒါန်းခဲ့ကြပါသည်။ လှိုင်မြို့နယ်၊ အမှတ်၁၆ရပ်ကွက်၊

ချင်းရွှေဟော်မြို့၌မဲဆန္ဒရှင်စာရင်းများဒုတိယအကြိမ်ထုတ်ပြန်ကြေညာ

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လောက်ကိုင်မြို့နယ်၊ ချင်းရွှေဟော်မြို့၌ ၂၀၂၀ပြည့်နှစ်၊ နိုဝင်ဘာလ(၈)ရက်နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအတွက် မဲဆန္ဒရှင်စာရင်းများကို ဒုတိယ အကြိမ်အဖြစ် ချင်းရွှေဟော်မြို့၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးများတွင် အောက်တိုဘာလ(၁)ရက်နေ့မှ (၁၄)ရက်နေ့အထိ ထုတ်ပြန် ကြေညာထားကြောင်း သိရသည်။

မိုင်းတုံမြို့၌ Facility Quarantine ထားရှိသူ(၁၂)ဦး၏ Swab နမူနာများ ဓာတ်ခွဲခန်းသို့ပို့ဆောင်စစ်ဆေး

ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းဆတ်ခရိုင်၊ မိုင်းတုံမြို့၌ Facility Quarantine ထားရှိသူ(၁၂)ဦး၏ Swab နမူနာများအား ဓာတ်ခွဲခန်းသို့ပို့ဆောင်စစ်ဆေးရန် ယနေ့ နံနက် ၆ နာရီက ကျိုင်းတုံမြို့သို့ သွားရောက် ပို့ဆောင်လျက်ရှိကြောင်းသိရသည်။

မင်္ဂလာတောင်ညွန့်မြို့နယ်တွင် We Love Yangon (Mingalar Taung Nyunt)  ပရဟိတအဖွဲ့မှ အခြေခံစားသောက်ကုန်များအား ဒုတိယအကြိမ်ထပ်မံ၍ အိမ်တိုင်ရာရောက်လှူဒါန်း

ရန်ကုန်အရှေ့ပိုင်းခရိုင်၊ မင်္ဂလာတောင်ညွန့်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါဖြစ်ပွားနေစဥ်ကာလ အတွင်း ဝင်ငွေနည်းမိသားစုဝင်များ အဆင်ပြေမှုရရှိစေရန်ရည်ရွယ်၍ အခြေခံစားသောက် ကုန်များ လှူဒါန်းခြင်းကို ဒုတိ ယ အကြိမ် အဖြစ် သိမ်ဖြူမီးရထားရပ်ကွက်ရှိ နေအိမ်များတွင် ယမန်နေ့နံနက်ပိုင်းအချိန်မှစတင်ကာ  လိုက်လံ လှူဒါန်းပေးခဲ့ကြောင်းသိရသည်။

ဟိုပုံးမြို့အတွင်းရှိ ရေသန့်စက်ရုံများတွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ ညွှန်ကြားချက်နှင့်အညီ လိုက်နာဆောင်ရွက်ခြင်း ရှိ/ မရှိ ကွင်းဆင်းစစ်ဆေး

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့အတွင်း ဖွင့်လှစ်ထားရှိသည့် ရေသန့်စက်ရုံများတွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးအတွက် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ညွှန်ကြားချက်များနှင့် လိုက်နာဆောင်ရွက်ခြင်း ရှိ/ မရှိ ကွင်းဆင်း စစ်ဆေးခြင်းကို ယနေ့ နံနက် ၁၁ နာရီ အချိန်တွင် တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

ဒလမြို့နယ်ရှိ ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးကော်မတီ သို့ အလှူငွေကျပ်သိန်း ၄၀ ပေးအပ်လှူဒါန်း

ရန်ကုန်တိုင်းဒေသကြီး ဒလမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများကို အရှိန်အဟုန် မြှင့်ဆောင်ရွက်ပေးလျက်ရှိရာ  အသွားအလာကန့်သတ်စောင့်ကြည့်ရေးစင်တာများရှိ စောင့်ကြည့်လူနာများအတွက်  ကျန်းမာရေး၊ နေထိုင်စားသောက်ရေး နှင့် အခြားသော ကိစ္စရပ်များ ဆောင်ရွက်နိုင်စေရန် ရည်ရွယ်၍  ယမန်နေ့က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့နယ်အုပ်ချုပ်ရေးမှူးရုံးခန်းရှေ့၌ အလှူငွေများလာရောက်လှူဒါန်းခဲ့ ကြောင်းသိရသည်။      

ဖရူဆိုမြို့၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု မဖြစ်ပေါ်စေရေးအတွက် ပြည်သူများ နှာခေါင်းစည်း  (Mask) တပ်ဆင်ခြင်းရှိ/မရှိ စစ်ဆေး

ကယားပြည်နယ် လွိုင်ကော်ခရိုင်၊ ဖရူဆိုမြို့နယ် မြို့နယ်  Coronavirus Disease 2019 ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေး နှင့် အရေးပေါ်တုံ့ပြန်‌ရေးကော်မတီဝင် ဌာနဆိုင်ရာများနှင့် ရပ်ကွက်

ငွေဆောင်မြို့၌ မဲဆန္ဒရှင်စာရင်းများ ဒုတိယအကြိမ် ကပ်ထားကြေညာ

ဧရာဝတီတိုင်းဒေသကြီး၊ ငွေဆောင်မြို့တွင် ၂၀၂၀ပြည့်နှစ်၊ နိုဝင်ဘာလ(၈)ရက်​နေ့တွင် ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုက​ရေစီ အ​ထွေ​ထွေ​ရွေး​ကောက်ပွဲ ​အောင်မြင်စွာ ကျင်းပနိုင်​ရေးအတွက် မဲဆန္ဒရှင်စာရင်းများ ဒုတိယအကြိမ် (နောက်ဆုံး အကြိမ်)အဖြစ် ကပ်ထား​ကြေညာခြင်းကို အောက်တိုဘာလ ၁ ရက်နေ့ နံနက်ပိုင်းမှ စတင်၍ ရပ်ကွက်/​​​ကျေးရွာ ​ရွေး​ကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲရုံးတွင် ကပ်ထား​ကြေညာ ပေးထား​ကြောင်း သိရသည်။
Subscribe to