ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်၌ အသက် ၈၀နှင့် ၈၅နှစ် ​ အတွင်းရှိ အဘိုးအဘွားများအား ထောက်ပံ့ငွေများ အိမ်တိုင်ရာရောက် လိုက်လံပေးအပ်

ဒဂုံ(အရှေ့)  အောက်တိုဘာ ၆

ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း) မြို့နယ်၌ ကိုဗစ်−၁၉ ကူးစက်ရောဂါ ဖြစ်ပွားနေသည့် ကာလအတွင်း အသက်၈၀ နှင့် ၈၅ နှစ်ကြား အဘိုးအဘွားများအား နိုင်ငံတော်မှ ထောက်ပံ့ပေးအပ်သော ထောက်ပံ့ငွေများအား ယနေ့နံနက်ပိုင်းက အမှတ်(၁၂၅၊ ၁၅၆) ရပ်ကွက်ရှိ ဘိုးဘွားများ၏ လက်ဝယ်အရောက် သွားရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

ထိုသို့ ထောက်ပံ့ပေးအပ်ရာတွင် အသက်(၈၅)နှစ်နှင့်အထက် အသက်မပြည့်မှီသော်လည်း သက်ကြီးဘိုးဘွားများ၏ လတ်တလော စားဝတ်နေရေး အဆင်ပြေစေရန်   နိုင်ငံတော်မှ ထောက်ပံ့ပေးအပ်သော လူမှုရေးပင်စင် ထောက်ပံ့ပေးအပ်ရာတွင် တစ်လလျှင် တစ်သောင်းကျပ်နှုန်းဖြင့် (၃)လစာ သုံးသောင်းကျပ်အား  ဘိုးဘွားများ၏ လက်ဝယ်အရောက် ရပ်ကွက်အလိုက် အုပ်ချုပ်ရေးအဖွဲ့များက ကျန်းမာရေးဌာန၏ သတ်မှတ်စည်းကမ်းချက်များနှင့် အညီ အိမ်တိုင်ရာရောက်ပေးအပ်ခဲ့ကြောင်းသိရသည်။

ဝင်းထွဋ်ဝင်း(ပြန်/ဆက်)