သန်လျင် အောက်တိုဘာ ၆
ရန်ကုန်တောင်ပိုင်းခရိုင်၊ သန်လျင်မြို့ရှိ အထွေထွေရောဂါကု ဆေးရုံကြီးသို့ We Love Yangon လူထုအခြေပြု ပရဟိတအဖွဲ့နှင့် အလှူရှင်များ စုပေါင်း၍ လေအေးပေးစက်များ လှူဒါန်းပွဲကို ယမန်နေ့နံနက်တွင် သန်လျင်အထွေထွေရောဂါကုဆေးရုံကြီး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
ရှေးဦးစွာ ဆေးရုံအုပ်ကြီး ဒေါက်တာချိုချိုလွင်က ကိုဗစ်-၁၉ ကူးစက်မြန်ရောဂါများ စစ်ဆေး ကုသပေးနေမှု၊ ဖျားနာကုသဆောင် သီးခြားဖွင့်လှစ်၍ အချိန်နှင့်တစ်ပြေးညီ ဆောင်ရွက်နေမှု၊ လူနာများထားရှိရန် အဆောင်များ နေရာချထားမှုနှင့် လုပ်ငန်းလိုအပ်ချက်များ ဆွေးနွေးတင်ပြသည်။
ထို့နောက် ဆေးရုံကြီးလူနာထားရှိဆောင်များတွင် ထားရှိရန် လိုအပ်လျက်ရှိသော လေအေးပေးစက် (၁၃)လုံး တန်ဖိုးငွေ(၄၆)သိန်းတန်ဖိုးရှိ စက်နှင့်ဆက်စပ်ပစ္စည်းများကို We Love Yangon လူထုအခြေပြု ပရဟိတအဖွဲ့က ပေးအပ်လှူဒါန်းရာ ဆေးရုံအုပ်ကြီးက လက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်ခဲ့သည်။
အဆိုပါ အဖွဲ့သည်လူနာများ အသုံးပြုနိုင်ရန် နေ့ချင်းပြီး တပ်ဆင်လှူဒါန်းပေးခဲ့ကြောင်း သန်လျင် ဆေးရုံကြီး အနေဖြင့် ကိုဗစ်-၁၉နှင့် ပတ်သက်သော လူနာများအား ဆရာဝန်၊ သူနာပြုများ ဝန်ထမ်းများက နေ့ညအဆက်မပြတ် စောင့်ကြပ်ကြည့်ရှု ကုသပေးလျက်ရှိကြောင်း သိရသည်။
သန်းဝင်း(သန်လျင်)