ညောင်လေးပင် အောက်တိုဘာ ၆
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ညောင်လေးပင်မြို့နယ်ဦးစီးမှူးရုံးမှ ကမ်းပါးပြို၍ရွေ့ပြောင်းခဲ့ရသည့် နေအိမ်နှစ်လုံး အတွက် အိမ်ဆောက်ပစ္စည်းဖိုးနှင့် ဆန်ရိက္ခာဖိုးများကို အောက်တိုဘာ ၆ ရက်နေ့ မွန်းလွဲ(၁)နာရီက အဆိုပါရုံးခန်းရှေ့တွင် ထောက်ပံ့ပေးခဲ့သည်။
ထောက်ပံ့ပေးအပ်ရာတွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးနော်မိုင်လှကြည်က အောက်တိုဘာ ၄ ရက်နေ့က အင်းချောင်ကျေးရွာအုပ်စု၊ စိုင်ကွကျေးရွာတွင် မိုးသည်းထန်စွာ ရွာသွန်းကာ မုက္ခမူ (ချိန်းချောင်း) ရေတိုက်စားပြီး ကမ်းပါးပြိုကျမှုကြောင့် ကြိုတင်ရွှေ့ပြောင်းခဲ့သော နေအိမ်(၂)လုံး အတွက် အိမ်ဆောက်ပစ္စည်းဖိုး ထောက်ပံ့ငွေ ကျပ်၂၀၀၀၀ဝိ၊ လူဦးရေ(၁၃)ဦး အတွက် ဆန်ရိက္ခာဖိုး ထောက်ပံ့ငွေ (၂၇၃၀ဝ)ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ (၂၂၇၃၀ဝ)ကျပ်နှင့် (၂) အိမ်ထောင် အတွက် ကယ်ဆယ်ရေးပစ္စည်း(၁၁)မျိုးစီတို့အား ဘေးသင့်ပြည်သူများလက်ဝယ် အရောက် ထောက်ပံ့ပေးခဲ့ကြောင်းသိရသည်။
သက်လွင် (ညောင်လေးပင်)