ရွှေဘိုခရိုင် ဝက်လက်မြို့နယ်အတွင်း သဘာဝဘေးအန္တရာယ်ကြောင့် ပျက်စီးဆုံးရှုံးမှုများ ရှိသည့် မိုးစပါးစိုက် တောင်သူများအား ထောက်ပံ့ငွေများပေးအပ်

ဝက်လက် အောက်တိုဘာ ၆

စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုခရိုင် ဝက်လက်မြို့နယ်အတွင်း သဘာဝဘေး အန္တရာယ် ကြောင့်  ပျက်စီးဆုံးရှုံးမှုများရှိခဲ့သည့် မိုးစပါးစိုက်တောင်သူများအား မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနက ထောက်ပံ့ကြေးငွေ များအပ်ခြင်းအခမ်းအနားကို ယနေ့ နံနက် ၁၀နာရီ အချိန်က မဲကုန်းကျေးရွာ နှင့် လှတောကျေးရွာအုပ်စု  အုပ်ချုပ်ရေးမှူးရုံးတို့တွင် တောင်သူ များ လက်ဝယ်‌အရောက် ပေးအပ်ခဲ့ကြောင်းသိရသည်။

အဆိုပါ ပျက်စီးခဲ့သော သီးနှံများအတွက် ထောက်ပံ့ကြေးငွေ များပေးအပ်ရာတွင် လှတော စခန်းနယ်မြေတာဝန်ခံ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးလှမိုးကျော်နှင့် ဝန်ထမ်းများက လှတောစခန်းနယ်မြေအတွင်းရှိ  မဲကုန်းကျေးရွာအုပ်စုမှ မိုးစပါး (၃၅)ဧက အတွက်ကိုလည်းကောင်း၊ လှတော ကျေးရွာအုပ်စုမှ မိုးစပါး (၈)ဧကအတွက် ကိုလည်းကောင်း  တစ်ဧကလျှင် ငွေကျပ် တစ်သောင်း နှုန်းဖြင့် ထောက်ပံ့ပေးအပ်ခြင်း ဖြစ်ကြောင်း ၊ ကျန်ရှိနေသော လှတောစခန်းနယ်မြေ အတွင်းရှိ ကျေးရွာအုပ်စုများဖြစ်ကြ သော ရွှေကျင်၊  စဉ့်ပါ၊ မောက်ကြိုး ၊ ရေထွက် ၊ ကျီးကန် ၊ ထနင်္သာ ၊ တကောင်းမင်း ၊ သမံသာကျေးရွာများရှိ တောင်သူများ အတွက်ကိုလည်း လက်ဝယ်အရောက် အမြန်ဆုံး ထောက်ပံ့ပေးအပ် နိုင်ရေး ဆက်လက် ဆောင်ရွက်သွားမည် ဖြစ်ကြောင်းသိရသည်။

ဝက်လက်မြို့နယ် စိုက်ပျိုးရေးဦးစီးဌာန အနေဖြင့် စခန်းနယ်မြေ( ၉ )ခုရှိပြီး  သက်ဆိုင်ရာစခန်း နယ်မြေ တာဝန်ခံများ၏ ကြီးကြပ်မှုဖြင့် တောင်သူများလက်ဝယ်အရောက် ပေးအပ်သွားမှာဖြစ်ပြီး ၂၀၁၉ခုနှစ် အောက်တိုဘာ ၁ ရက်နေ့မှ ၂ဝ၂၀ပြည့်နှစ် ဧပြီလ ၃ဝရက်နေ့အထိ သဘာဝဘေးအန္တရာယ်ကြောင့် မိုးစပါး ပျက်စီး ဆုံးရှုံးမှု ဧကပေါင်း ၈၃၈၇ကို တစ်ဧကလျှင် ငွေကျပ်တစ်သောင်းနှုန်းဖြင့် ငွေပေါင်း ၈၃၈၇ဝဝဝဝိ/ တိတိ ကို ထောက်ပံ့ပေး အပ်သွားမည်ဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနက သိရသည်။

ဥမ္မာဝင်း(ဝက်လက်)