ဒဂုံမြောက် အောက်တိုဘာ ၆
ကိုဗစ်-၁၉ရောဂါ ပြည်တွင်းကူးစက်မှု ပိုမိုမြင့်မားလာသည်နှင့်အမျှ ရောဂါပိုးရှိသူများနှင့် ဆက်စပ်သူများ၊ သံသယရှိသူများကို Quarantine Centre များတွင် စောင့်ကြည့်လူနာများ အဖြစ် ထားရှိ ဆောင်ရွက်လျက်ရှိရာ Quarantine ဝင်ရောက်သူ ပြည်သူများအနေဖြင့် အဆင်ပြေစွာ နေထိုင်နိုင်ရေး အတွက် ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့နယ်တွင် အလှူရှင်များက လိုအပ်သည်များကို စေတနာသဒ္ဓါ တရား ထက်သန်စွာဖြင့် လှူဒါန်းပေးလျက်ရှိကြောင်း သိရသည်။
ထိုသို့လှူဒါန်းရာတွင် ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ် အတွင်းရှိ Quarantine Centre များမှ စောင့်ကြည့် လူနာများနှင့် တာဝန်ကျ ကျန်းမာရေးဝန်ထမ်းများ၊ မြို့နယ် အရန်မီးသတ် တပ်ဖွဲ့ဝင်များ၊ မြို့နယ်ကြက်ခြေနီ တပ်ဖွဲ့ဝင်များ၊ စေတနာ့ဝန်ထမ်းများအား အမှတ်(၃၃)ရပ်ကွက်နေ မြို့မိ/မြို့ဖ ဦးမြင့်ဇော်+ဒေါ်သင်းသင်းထိုက် မိသားစုမှ အလှူငွေ ကျပ်တစ်သိန်း၊ အိမ်အမှတ်(၁၃၇၃)၊ ဂန္ဓမာလမ်း၊ အမှတ်(၄၁) ရပ်ကွက်နေ ဒေါ်လဲ့လဲ့ခိုင်မိသားစုမှ အလှူငွေကျပ် သုံးသိန်း၊ အိမ်အမှတ်(၅၅၆)၊ မဟူရာလမ်း၊ အမှတ်(၃၃) ရပ်ကွက်နေ ဦးကျင်ရွှေ+ဒေါ်ခင်လေးမြင့်မိသားစုမှ နှစ်ဖက်သောမိဘများ အားရည်စူး၍ အလှူငွေကျပ် တစ်သိန်း၊ အမှတ်(၃၃) ရပ်ကွက်သူ/သားများမှ အဟာရဒါန အလှူငွေကျပ် ကိုးသိန်း၊ အမှတ်(၄၆)ရပ်ကွက်နေမောင်ဘုန်းမြတ်မင်း(၁၈)နှစ်ပြည့်မွေးနေ့ 1 Liter ရေသန့်ဗူး (၁၀၀)ကဒ်နှင့် နေ့လည်စာအဟာရဒါန ထောပတ်ထမင်းနှင့် ကြက်သား ဟင်း ၊ အမှတ်(၄၃)ရပ်ကွက်နေ ဦးညီညီထွန်း+ဒေါ်သီသီဟန် မိသားစုမှ 1 Liter ရေသန့်ဗူး (၁၂၀)ကဒ်၊ အမှတ်(၄၂)ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးဝင်းနိုင်ဌေး+ဒေါ်မာမာဟန်မိသားစုမှ အလှူငွေ တစ်သိန်းသုံးသောင်းကျပ်၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေး အသင်းမှ အလှူငွေကျပ် တစ်သိန်း၊ မြို့နယ်ပညာရေး မိသားစုများမှ ခြောက်သိန်းခုနှစ်သောင်းကျပ်၊ နာရေးကူညီမှုအသင်း (ရန်ကုန်) မှ နှာခေါင်းစည်း(Mask) အခုရေ(၅၀၀၀)၊ အိမ်အမှတ် (၂၆၅)၊ အမှတ်(၂၈)ရပ်ကွက်၊ အောင်သုခ (၄) လမ်း နေ ဦးမျိုးသိန်းဦး+ဒေါ်တင့်နန်းနွယ် သမီးမမေသံစဉ်ချိုမိသားစုမှ အလှူငွေ လေးသိန်းကျပ်တန်ဖိုးရှိ (ညနေစာ အဟာရထမင်းနှင့် ဟင်း)၊ အိမ်အမှတ်(၈၆၅/၈၆၆)၊ ပင်လုံလမ်း၊ အမှတ်(၃၆)ရပ်ကွက်ရှိ SENTOSA မိသားစုမှ အလှူငွေကျပ် သုံးသိန်း၊ အိမ်အမှတ်(၇၂၆)၊ ငွေပုလဲလမ်း၊ အမှတ်(၃၅)ရပ်ကွက်နေ ဦးကျော်ကျော်ထွန်း+ဒေါ်ခင်ရီဆွေ မိသားစုမှ အလှူငွေကျပ် သုံးသောင်း၊ အိမ်အမှတ်(၈၅၅)၊ ဦးရာဇာတ်လမ်း၊ အမှတ်(၃၅)ရပ်ကွက်နေ ဒေါ်စန်းမြင့်မှ အလှူငွေကျပ် သုံးသောင်း၊ အိမ်အမှတ်(၅၅၈)၊ ရာဇသင်္ကြန်လမ်း၊ အမှတ်(၅၀)ရပ်ကွက်နေ ဦးချစ်ဝင်း+ဒေါ်တင်တင်ဝင်းမိသားစုမှ အလှူငွေကျပ် သုံးသိန်း၊ အိမ်အမှတ်(၂၆၂)၊ နတ်သျှင်နောင်လမ်း၊ အမှတ်(၃၅)ရပ်ကွက်နေ ဦးထွန်းထွန်းလင်းမှ အလှူငွေကျပ် တစ်သိန်း တို့အား လှူဒါန်းရာ မြို့နယ်ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီဥက္ကဋ္ဌ ဦးကျော်မိုးနှင့် မြို့နယ်အဆင့် ကိုဗစ်-၁၉ ကော်မတီ အဖွဲ့ဝင်များမှ လက်ခံရရှိခဲ့ပြီး အလှူရှင်အား ဂုဏ်ပြု မှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ခဲ့ကြောင်း သိရသည်။
မြို့နယ်အတွင်းရှိ Quarantine Center များသို့ အလှူငွေများ လှူဒါန်းလိုပါက ဖုန်းနံပါတ် ၀၉၂၅၁၀၀၁၁၁၀၊ ၀၉၂၆၂၄၃၁၂၉၃၊ ၀၉၄၂၈၀၂၂၉၃၅ များသို့ ဆက်သွယ်လှူဒါန်းနိုင်ကြောင်း သိရသည်။
မြင့်မြင့်ရီ (ပြန်/ဆက်)