ကလေး အောက်တိုဘာ ၆
စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့တွင် ကလေးခရိုင်ငါးလုပ်ငန်းဦးစီးဌာနမှ တာဝန်ရှိသူများက ကလေးမြို့နယ်အေးစိန်ကျေးရွာရှိ အင်းလုပ်ငန်းကိုအခြေခံကာရေလုပ်ငန်းလုပ်ကိုင်သူများအား ယနေ့ နံနက်ပိုင်းက မြစိမ်းရောင်(ငါးကဏ္ဍ)အရင်းမပျောက်လည်ပတ်ရန်ပုံငွေကို ထုတ်ချေးခဲ့ကြ ကြောင်း သိရသည်။
“ကျွန်မတို့ကလေးခရိုင်ငါးလုပ်ငန်းဦးစီးဌာနကနေပြီးတော့ ၂၀၁၄-၂၀၁၅ ဘဏ္ဍာရေးနှစ် ပြည်ထောင်စုဘတ်ဂျက်ရန်ပုံငွေဖြင့် ကျေးလက်နေပြည်သူများ ငါးလုပ်ငန်းကဏ္ဍဖွံ့ဖြိုးရေး အတွက် မတည်ရန်ပုံငွေ ကျပ်သိန်း (၃၀၀)ရရှိခဲ့ပြီးတော့ ၂၀၁၅ခုနှစ်အောက်တိုဘာ၁၃ရက်ကနေ စီမံကိန်းကိုစတင်အကောင် အထည်ဖော်ဆောင်ရွက်ခဲ့ပါတယ်။ အခုဆိုရင်အတိုးရငွေစုစုပေါင်း ကျပ်သိန်း (၃၂၆ ဒဿမ ၀၉၂၅) ရရှိပြီးတော့ (၆)နှစ်မြောက် စီမံကိန်းကို ဒီကနေ့မှာပဲစတင် အကောင်အထည် ဖော်ဆောင်ရွက်သွားမှာဖြစ်ပါတယ်”ဟု ရန်ပုံငွေထုတ်ချေးရခြင်းနှင့် ပတ်သက် ၍ ဒေါ်ခင်မိုးလွင်က အခုလိုပြောကြားခဲ့သည်။
ထိုသို့ အရင်းမပျောက်လည်ပတ်ရန်ပုံငွေ ကျပ်ငွေသိန်း(၅၀၀)ကို ကလေးခရိုင်ငါးလုပ်ငန်းဦးစီး ဌာနမှ ဒုတိယဦးစီးမှူးဒေါ်ခင်မိုးလွင်နှင့်ဒုတိယဦးစီးမှူး ဒေါ်ကမ်းငိုက်လွန်းတို့က ပေးအပ်ခဲ့ရာ ငါးမွေး မြူရေးလုပ်ငန်းလုပ်ကိုင်သူများ၊ မွေးမြူရေးလုပ်ငန်း ၊စိုက်ပျိုးရေးနှင့် အရောင်း အဝယ်လုပ်ကိုင်သူများ ကိုယ်စား မြစိမ်းရောင်ရန်ပုံငွေကြီးကြပ်မှုကော်မတီဉက္ကဌ ဒေါ်သူဇာလင်း နှင့် မြစိမ်းရောင်ဘဏ္ဍာရေး ဥက္ကဋ္ဌဦးတင်ဌေးတို့ကလက်ခံခဲ့ကြကြောင်းသိရသည်။
ထန်းဖုန်(ပြန်/ဆက်)