မင်္ဂလာဒုံမြို့နယ်၊ ပုလဲမြို့သစ်ဆေးရုံသို့ အလှူရှင်များမှ စားသောက်ကုန်များနှင့် အလှူငွေ လာရောက် လှူဒါန်း

မင်္ဂလာဒုံ အောက်တိုဘာ ၆

ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ မင်္ဂလာဒုံမြို့နယ်တွင် ကိုဗစ်−၁၉ရောဂါ ကူးစက်ပျံ့နှံ့မှု မရှိစေရန် ပုလဲမြို့သစ်ဆေးရုံရှိ ဓာတ်ခွဲအတည်ပြုလူနာများနှင့် ကန့်သတ်စောင့်ကြည့်သူများ အတွက် အလှူရှင်များမှ စားသောက်ကုန်များနှင့် အလှူငွေများကို ယမန်နေ့ ညနေပိုင်းက လာ​ရောက် လှူဒါန်းခဲ့သည်။

လှူဒါန်းရာတွင် ပုလဲ(၃)ရပ်ကွက်က ဦးဝင်းသူ မိသားစုက ဆန်တစ်အိတ် ၊ ဆီ နှစ်ပိဿာ ၊ ကြက်ဥ အလုံး (၁၀၀) ၊ ပေါက်ကုန်းရပ်ကွက်က ဒေါ်လင်းဖြူဖြူက မနက်စာ ၊ နေ့လယ်စာ  နှင့် ညနေစာ (၃)ရက်စာ အာဟာရဒါနအဖြစ် အလှူငွေကျပ် ၁၅၀၀၀၀ တို့အား လာရောက်လှူဒါန်းရာ ပုလဲမြို့သစ် ဆေးရုံရှိ တာဝန်ရှိသူများက လက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ကြောင်း သိရသည်။

ယခုလို ပုလဲမြို့သစ်ဆေးရုံသို့ လာရောက်လှူဒါန်းဖြစ်တာက မင်္ဂလာဒုံမြို့နယ် စာကြည့်တိုက်များ ကွန်ယက် Page တွင် ကိုဗစ်-၁၉ ရောဂါဖြစ်ပွားနေစဉ် အကူအညီ လိုအပ်နေတဲ့နေရာတွေရဲ့ အခက်အခဲကို တစ်ဖက်တစ်လမ်းမှ ကူညီနိုင်ရန် အလှူခံထားတဲ ပို့စ်ကိုတွေ့လို့ လှူဒါန်းဖြစ်ကြောင်း အလှူရှင် ဒေါ်လင်းဖြူဖြူက ပြောကြားခဲ့သည်။

ဇင်ငြိမ်း(ပြန်/ဆက်)