လပွတ္တာ​မြို့နယ်အဆင့် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပ

လပွတ္တာ       အောက်တိုဘာ      ၆

ဧရာဝတီတိုင်းဒေသကြီး လပွတ္တာခရိုင် လပွတ္တာမြို့နယ်အဆင့် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီမှ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို လပွတ္တာ  မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းဝေးခန်းမ၌ ​ယနေ့နံနက် ၁၁ နာရီက ကျင်းပသည်။

အခမ်းအနားတွင် ဆုံးဖြတ်ချက်အား ဖတ်ကြားတင်ပြခြင်၊ ဆက်လက်၍ မြို့နယ်အဆင့် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီဥက္ကဋ္ဌ မြို့နယ် အုပ်ချုပ်ရေးမှူးက အဖွင့်အမှာစကား ပြောကြားရာတွင် စည်ပင်သာယာ ပိုင်စျေးများတွင် လည်ဆွဲကတ်ဆွဲ၍ စျေးသည်များ စျေးရောင်းချရန်၊ ကုန်သယ်ယာဉ်များ သတ်မှတ် ထားသည့်နေရာမှ မြို့တွင်းသို့ကြို့/ပို့ယာဉ်များဖြင့် ဆောင်ရွက်ရန်၊ စက်သုံးဆီယာဉ်၊ စားသောက်ကုန်ယာဉ်များသည် PPE ဝတ်ရုံဖြင့် မြို့တွင်းသို့ပို့ဆောင်ရန်၊ မြို့ဝင်ဂိတ်များကို စနစ်တကျ စစ်ဆေးရန်တို့ကို ရှင်းလင်းပြောကြားသည်။

ထို့နောက် မြို့နယ်အဆင့် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီအဖွဲ့ဝင်များမှ ကိုဗစ်-၁၉ နှင့်ပတ်သက်၍ လုပ်ငန်းဆောင်ရွက်ချက်များအား ပြန်လည်တင်ပြဆွေးနွေးခဲ့ကြောင်းသိရသည်။

ဝင်းကျော်မြင့် (လပွတ္တာ)