စစ်ကိုင်းတိုင်းဒေသကြီး မော်လိုက်မြို့၌ အသွားအလာကန့်သတ်စောင့်ကြည့်ခံယူနေသူ သုံးဦး၌ COVID-19 ရောဂါပိုး ရှိ/မရှိ စစ်ဆေးရန် နှာခေါင်းတို့ပတ် အာခေါင်တို့ပတ် နမူနာရယူ

မော်လိုက်  အောက်တိုဘာ ၆

စစ်ကိုင်းတိုင်းဒေသကြီး မော်လိုက်မြို့၌ ပြည်တွင်းပြည်ပမှ ပြန်လာသူများအား မော်လိုက် (အ.ထ.က) ကျောင်းရှိ Community Based Facility Quarantine တွင် ထားရှိ၍ အသွား အလာကန့်သတ်စောင့်ကြည့်ခြင်းများ၊ COVID-19ရောဂါပိုး ရှိ/မရှိ စစ်ဆေးခြင်းများကို နမူနာရ ယူကာ ပို့ဆောင်စစ်ဆေးလျက်ရှိရာ ယနေ့နံနက်ပိုင်းက ပြည်တွင်းမှပြန်လာသူ သုံးဦး၏ နှာခေါင်းတို့ပတ် အာခေါင်တို့ပတ်များ ရယူခဲ့ကြကြောင်း သိရသည်။

ထိုသို့ Swab နမူနာရယူခြင်းကို မြို့နယ်COVID-19ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသက်မြင့်ဦး၊ မြို့နယ် ကျန်းမာရေး ဦးစီးဌာနမှ ဝန်ထမ်းများနှင့်  မြို့နယ်ကြက်ခြေနီကော်မတီအဖွဲ့ဝင်များနှင့် တပ်ဖွဲ့ဝင်များက ပူးပေါင်း၍ အသွားအလာကန့်သတ်စောင့်ကြည့်ခံယူနေသူ သုံးဦး၏ နှာခေါင်း တို့ပတ်အာခေါင် တို့ပတ် နမူနာများ ရယူခဲ့ကြကြောင်း သိရသည်။

အဆိုပါ အသွားအလာကန့်သတ်စောင့်ကြည့်ခံယူနေသူများသည် မန္တလေးမှ ပြန်လာသူ နှစ်ဦး ရန်ကုန်မှ ပြန်လာသူတစ်ဦးတို့ဖြစ်ပြီး ယခုရယူခဲ့သည့် နှာခေါင်းတို့ပတ် အောင်ခေါင် တို့ပတ် များအား ပြည်သူ့ကျန်းမာရေးဓါတ်ခွဲမှုဆိုင်ရာဌာန(မန္တလေး)သို့ ပို့ဆောင်စစ်ဆေး သွား မည်ဖြစ် ကြောင်း သိရသည်။

မော်လိုက်သားလေး