ရေနံချောင်း အောက်တိုဘာ ၆
မကွေးတိုင်းဒေသကြီး ရေနံချောင်းမြို့နယ် ပြည်သူ့ဆေးရုံကြီးတွင် အောက်တိုဘာ ၆ ရက် နံနက်ပိုင်းက အဝေးပြေးယာဉ်မောင်းနှင့် ယာဉ်နောက်လိုက် ၃၈ ဦးအား ကိုဗစ်-၁၉ ရောဂါပိုး ရှိ မရှိ ချက်ချင်းသိနိုင်ရန် RDT နည်းအရ Test Kits ဖြင့် စစ်ဆေးပေးခဲ့ရာ ကိုဗစ်-၁၉ ရောဂါပိုးမတွေ့ရှိ (All Negative)ဖြစ်ကြောင်း မြို့နယ် ဆရာဝန်ကြီး ဒေါက်တာဆန်းထွန်းထံက သိရသည်။
ထိုသို့စစ်ဆေးရာ မြို့နယ်ကိုဗစ်-၁၉ ရောဂါကာကွယ်၊ထိန်းချုပ်၊ကုသရေးကော်မတီ၊ မြို့နယ်ပုဂ္ဂလိက မော်တော်ယာဉ်ကြီးကြပ်ရေးကော်မတီနှင့် ပြည်သူ့ကျန်းမာရေးဦးစီးဌာနတို့ ပူးပေါင်းကာ ကုန်စည်စီးဆင်းမှု အထောက်အကူဖြစ်စေရန်အတွက် ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်တစ်ဦးလျှင် ၃၀၀၀၀ ကျပ်ဖြင့် စစ်ဆေးပေးခဲ့ ရာ စုစုပေါင်း ၃၈ ဦး လာရောက်စစ်ဆေးခဲ့ပြီး ရောဂါပိုးမတွေ့ရှိကြောင်း ကိုဗစ်-၁၉ ဓာတ်ခွဲနမူနာထောက်ခံချက် များ ပြန်လည်ပေးအပ်သွားမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်များသည် ဖျားခြင်း၊ ချောင်းဆိုးခြင်း၊ ရုတ်တရက် အနံ့အရသာ ပျောက်ဆုံးခြင်း၊ အသက်ရှုရခက်ခဲ့ခြင်း စသည့် ကိုဗစ်-၁၉ ရောဂါ သံသယလက်က္ခဏာများ ခံစားရပါက နီးစပ်ရာ ကျန်းမာရေးဌာနသို့ ချက်ချင်းအကြောင်းကြားရမည်ဟု အဆိုပါထောက်ခံချက်တွင် ပါရှိကြောင်းသိရသည်။
ကိုစိုးကြီး