မင်္ဂလာဒုံမြို့နယ်တွင် အထူးရဲသင်တန်း တက်ရောက်နေသောသင်တန်းသား (၁၃၆) ဦးထံမှ နှာခေါင်းနှင့်အာခေါင်တို့ဖတ်များ ရယူစစ်ဆေး

မင်္ဂလာဒုံ   အောက်တိုဘာ

ရန်ကုန်တိုင်းဒေသကြီး မြောက်ပိုင်းခရိုင်   မင်္ဂလာဒုံမြို့နယ်တွင် ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာ() ရက်နေ့တွင်ကျင်းပမည့် ပါတီစုံ ဒီမိုကရေစိ အထွေထွေရွေးကောက်ပွဲ၌ မဲရုံများတွင် လုံခြုံရေးတာဝန် ဆောင်ရွက်မည့် အထူးရဲသင်တန်းသား (၁၃၆) ဦးအား အထက()​ကျောင်းတွင် အောက်တိုဘာ () ရက်နေ့မှ စတင်ပြီး အောက်တိုဘာ ၂၈ ရက်နေ့ထိ သင်တန်းဖွင့်လှစ်ပို့ချမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ အထူးရဲ သင်တန်းသားများအား ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့် အညီ သင်တန်းဖွင့်လှစ်ပို့ချပေးလျက်ရှိပြီး ကိုဗစ်၁၉ရောဂါ ကူးစက်ပျံ့နှံ့မှုမရှိစေရန်နှင့် ရောဂါကာကွယ်ထိန်းချုပ်နိုင် စေရန် အတွက် အထူးရဲ သင်တန်းသား(၁၃၆) ဦးထံမှ နှာခေါင်းနှင့်အာခေါင်တို့ဖတ်များကို မင်္ဂလာဒုံမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန Swab Team - 2 မှ ယမန်နေ့ နံနက်က ရယူကာ အမျိုးသားကျန်းမာရေး ဓာတ်ခွဲဌာနသို့ ကိုဗစ်-၁၉ ရောဂါ ပိုး ရှိ/ မရှိ စစ်ဆေးအတည်ပြုသွားမည်ဖြစ်ကြောင်း သိရသည်။

မင်္ဂလာဒုံမြို့နယ်၌ မဲရုံပေါင်း (၁၃၆) ရုံ ရှိရာ မဲရုံ()ရုံလျှင်  အထူးရဲတစ်ဦးနှုန်းဖြင့် ခန့်အပ်သွားမည် ဖြစ်ကြောင်း၊ မဲရုံစောင့်အထူးရဲ သင်တန်းသားများကို စာတွေ့၊ လက်တွေ့သင်တန်းကာလ()ပတ်တွင် မြို့နယ်ရဲတပ်ဖွဲ့မှ သင်တန်းပို့ချသွားမည်ဖြစ်ကြောင်း၊  အထူးရဲသင်တန်းသားများ၏ သက်တမ်းမှာ  စတင်ခန့်အပ်သည့်ရက်မှ ရွေးကောက်ပွဲ ကာလအတွင်းအထိသာဖြစ်ကြောင်းသိရသည်။

ဇင်ငြိမ်း(ပြန်ဆက်)