ကလေးဝ အောက်တိုဘာ ၇
စစ်ကိုင်းတိုင်းဒေသကြီး ကလေးဝမြို့နယ်အတွင်းရှိ မစိန်ကျေးရွာနှင့် ဂုံဂါးကျေးရွာ တို့တွင် ဘုန်းတော်ကြီးကျောင်း တည်ဆောက် ခြင်းလုပ်ငန်း အပြီးသတ် ဆောင်ရွက်နိုင်ရေး အတွက် တစ် ကျောင်းလျှင် ကျပ်သိန်း (၉၀) နှုန်းဖြင့် စုစုပေါင်း ကျပ်သိန်း (၁၈၀) ကို ယမန်နေ့က နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ထောက်ပံ့လှူဒါန်းခဲ့သည်။
နယ်စပ်ရေးရာဝန်ကြီးဌာန၏ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် ပြည်ထောင်စု နယ်စပ်ဒေသဖွံ့ဖြိုးရေး ရန်ပုံငွေ ကျပ်သိန်း (၁၈၀) ဖြင့် မစိန် ကျေးရွာနှင့် ဂုံဂါးကျေးရွာတို့၌ ကျေးရွာမှ ကိုယ်ထူကိုယ်ထ ဆောက်လုပ်လျက်ရှိသော ဘုန်းတော်ကြီးကျောင်း တည်ဆောက် ခြင်းလုပ်ငန်း အပြီးသတ်ဆောင် ရွက်နိုင်ရေးအတွက် တမူးခရိုင် ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံးမှ ဒုဦးစီးမှူး ဦးသိန်းအောင်က ကျေးရွာ ဘုန်း တော်ကြီးကျောင်းများသို့ သွားရောက်လှူဒါန်းခဲ့ကြောင်း သိရသည်။
သက်ဟန်(ကလေးဝ)