ငါန်းဇွန်မြို့နယ်အတွင်းရှိ စစ်ဆေးရေးဂိတ်စခန်းများသို့ ဆန်၊ ဆီ၊ ခေါက်ဆွဲခြောက်များ ထောက်ပံ့ပေးအပ်

ငါန်းဇွန် ၊  အောက်တိုဘာ ၇

ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုလျော့နည်းစေရေးနှင့် ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများဆောင်ရွက် လျက်ရှိသည့် မန္တလေးတိုင်း ဒေသကြီး ငါန်းဇွန်မြို့နယ် အဝင်/အထွက်စစ်ဆေးရေးဂိတ်စခန်းများသို့ တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ထောက်ပံ့ပေးအပ်သော ဆန်၊ ဆီ၊ ခေါက်ဆွဲခြောက်များအား ယမန်နေ့က တာဝန်ရှိသူများက ထောက်ပံ့ ပေးအပ်ခဲ့ကြောင်း သိရသည်။

ထိုသို့ထောက်ပံ့ပေးအပ်ရာတွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇော်ဝင်း၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးဆန်းဝင်း တို့သည် တာဝန်ရှိသူများနှင့် အတူ မြို့နယ်အတွင်းသို့ အဝင်/အထွက်စစ်ဆေးရေးဂိတ်စခန်းများဖြစ်သည့် ငါန်းဇွန်မြို့ အဝင်/အထွက် စစ်ဆေးရေးဂိတ်စခန်းတွင် ဆောင်ရွက်နေသူများအတွက် ဆန်(၆)ပြည်အိတ် (၆)အိတ်၊ ဆီ (၃၀)ကျပ်သားဆံ့ ဆီပုလင်း(၂၀)နှင့် ခေါက်ဆွဲခြောက် (၁၀)ဖာကို လည်းကောင်း၊ မြို့သာအဝင်/အထွက် စစ်ဆေးရေးဂိတ် စခန်းသို့ ဆန်(၆)ပြည်အိတ် (၄)အိတ်၊ ဆီ (၃၀)ကျပ်သားဆံ့ပုလင်း(၂၀)နှင့် ခေါက်ဆွဲခြောက် (၇)ဖာကိုလည်းကောင်း သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။                 

သက်နောင်ဦး(ငါန်းဇွန်)