ရှမ်းရွာသစ်မြို့မဲလောခီးကျေးရွာအုပ်စု ထီးဖားရက်ကျေးရွာတွင် ကျန်းမာရေးစောင့်ရှောက်ပေးမှု လုပ်ငန်းများဆောင်ရွက်

ရှမ်းရွာသစ် အောက်တိုဘာ ၇

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့ရှိ ကျေးလက်ကျန်းမာရေးဌာနသည် မြို့အတွင်းရှိ ဒေသနေပြည်သူများနှင့် ကလေးငယ်များ ကျန်းမာရေးအသိပညာ ဗဟုသုတရရှိစေရန်နှင့်  ကူးစက်ရောဂါတို့မှ    ကင်းဝေးစေရန်ရည်ရွယ်၍ ယမန်နေ့က ရှမ်းရွာသစ်မြို့ မဲလောခီးကျေးရွာအုပ်စုရှိ ထီးဖားရက်ကျေးရွာတွင် ကျန်းမာရေးအသိပညာပေးခြင်းနှင့် ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ကွင်းဆင်းဆောင်ရွက် ပေးခဲ့သည်။

အဆိုပါလုပ်ငန်းတွင် ကျေးလက်ကျန်းမာရေးဌာနမှ အမျိုးသမီးကျန်းမာရေးဆရာမ ဒေါ်နော်အေးအေးချိုနှင့် ဝန်ထမ်းများတို့က ဒေသနေပြည်သူများအား ကျန်းမာရေး အသိရှိစေရန်အတွက် ကျန်းမာရေး အသိပညာပေးခြင်း၊ အသက်(၅)နှစ်အောက် ကလေးငယ်များအား  ကိုယ်အလေးချိန်ချိန်ပေးခြင်းနှင့် အစာ အာဟာရ သိကောင်းစရာများ ဆွေးနွေးခြင်း၊ အသက်နှစ်နှစ်အောက် ကလေးငယ်များအား  အသည်းရောင် အသားဝါ(ဘီ)ရောဂါ ၊ပိုလီယိုအကြောသေရောဂါ၊ မေးခိုင်ရောဂါ၊ တီဘီရောဂါ၊ ဆုံဆို့နာ၊ ကြက်ညှာ ချောင်းဆိုးရောဂါ၊ ဦးနှောက် အမြှေးရောင်ရောဂါနှင့် ဝက်သက်ရောဂါတို့မှ ကင်းဝေးစေရန် အသက်ပိုင်း အခြားအလိုက် ပုံမှန်ကာကွယ်ဆေးများ ထိုးနှံပေးခြင်းနှင့် ကိုယ်ဝန်ဆောင်မိခင်များကိုလည်း လိုအပ်သောကျန်းမာရေးစောင့်ရှောက်ပေးမှု လုပ်ငန်းတို့ကို ဆောင်ရွက်ပေးခဲ့ကြောင်းသိရှိရသည်။

ဇင်လေး(ပြန်/ဆက်)