ရန်ကုန် အောက်တိုဘာ ၇
ရန်ကုန်အရှေ့ပိုင်းခရိုင်၊ မင်္ဂလာတောင်ညွန့်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် ထိရောက်မှုရှိစေရန် ရည်ရွယ်၍ လိုအပ်သည်များကိုလည်း စေတနာရှင်များက လှူဒါန်းပေးလျက်ရှိရာ ယမန်နေ့ နံနက်ပိုင်းအချိန်က စေတနာရှင် ဦးရဲရင့်ထွန်းနှင့် ဒေါ်အေးငွေအောင် မိသားစုတို့က ပါးစပ်၊ နှာခေါင်းစည်း (surgical Mask) (၂)ဖာကို လှူဒါန်းပေးခဲ့ သည်။
အလှူရှင်များ လှူဒါန်းပေးသည့် Surgical Mask များအား သိမ်ဖြူလက်ဝှေ့ရုံရှိ Community Based Facility Quarantine Centre မှ တာဝန်ရှိသူများက လက်ခံရယူ ပေးခဲ့ပြီး အဆိုပါ Mask များကို မြို့နယ်အတွင်း ဆောင်ရွက်ထားသော ကန့်သတ် စောင့်ကြည့် စခန်း(၃)ခုမှ ကန့်သတ်စောင့်ကြည့်ထား သူများ၊ ကျန်းမာရေး ဝန်ထမ်းများ၊ စေတနာ့ဝန်ထမ်း Volunteer များနှင့် မြို့နယ်ကြက်ခြေနီအသင်းများ အတွက် အရေအတွက်များသတ်မှတ်၍ ပြန်လည်ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
ချစ်စုဝေ (ပြန်/ဆက်)