မြောက်ဥက္ကလာပမြို့နယ် မယ်လမုသုံးထပ်ဓမ္မာရုံ Community Based Facility Quarantine Centre တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးသုံးပစ္စည်းများ ပေးအပ်လှူဒါန်း

မြောက်ဥက္ကလာပ  အောက်တိုဘာ ၇


ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ်(၂)ရပ်ကွက်ရှိ မယ်လမုသုံးထပ်ဓမ္မာရုံ Community Based  Facility Quarantine Centre တွင် မြို့နယ်အတွင်းရှိ ဖွင့်လှစ်ထားသည့် Quarantine Centre များ၌ အသုံးပြုရန် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးသုံးပစ္စည်းများကို ရန်ကုန်တိုင်း ဒေသကြီးအစိုးရအဖွဲ့ လူမှုရေးဝန်ကြီး ဦးနိုင်ငံလင်းက ယမန်နေ့ နေ့လယ် ၁ နာရီက ပေးအပ်ခဲ့ကြောင်း သိရသည်။
ထို့သို့ပေးအပ်ရာတွင် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးဝန်ကြီး ဦးနိုင်ငံလင်းက  ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးသုံးပစ္စည်းများဖြစ်သည့် Face Mask (၁)ဖာ၊ PPE ဝတ်စုံ (၁၅၀)စုံ၊  လက်အိတ် (၃၀၀)စုံ၊ N-95 Mask (၂၀၀)ခု၊ Face Sheild (၃၀)ခု၊ လက်သန့်ဆေး(၁)ဖာ၊ ပိုးသတ်ဆေးပုံး (၁)ပုံး တို့ကို ပေးအပ်ရာ မြောက်ဥက္ကလာပမြို့နယ် အမှတ်(၁)တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးဇော်လွင်၊ အမှတ်(၂)တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးမြင့်လွင်၊ မြို့နယ်ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့်အရေးပေါ် တုံ့ပြန်ရေးကော်မတီဥက္ကဋ္ဌ ဦးတင့်ဇော်နှင့် အဖွဲ့ဝင်များက လက်ခံရယူခဲ့ ကြောင်း သိရသည်။
အဆိုပါလှူဒါန်းရရှိသည့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးသုံးပစ္စည်းများကို မြို့နယ်အတွင်း ဖွင့်လှစ်ထား သည့် Quarantine Centre (၁၅)ခုရှိ တာဝန်ခံများထံသို့ စနစ်တကျ ပြန်လည်ခွဲဝေပေးအပ်သွားမည် ဖြစ်ကြောင်း မြို့နယ်အုပ်ချုပ်ရေမှူးရုံးမှ သိရသည်။
မြမြဝင်း (ပြန်/ဆက်)