မင်္ဂလာတောင်ညွန့်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှု ကာကွယ်ထိန်းချုပ်နိုင်စေရေးအတွက် အသွားအလာ ကန့်သတ်စောင့်ကြည့်ထားသူ (၁၁၅) ဦးထံမှ နှာခေါင်းနှင့်အာခေါင်တို့ပတ် (Swab) များရယူ
ရန်ကုန်အရှေ့ပိုင်းခရိုင်၊ မင်္ဂလာတောင်ညွန့်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားမှုမှ ကာကွယ်ထိန်း ချုပ်နိုင်စေရေးအတွက် အသွားအလာကန့်သတ်စောင့်ကြည့်နေသူ(၁၁၅)ဦး ထံမှ နှာခေါင်းနှင့် အာခေါင် တို့ပတ် (Swab) များ ရယူခြင်းကို ယမန်နေ့ နံနက်ပိုင်းက သက်ဆိုင်ရာ Quarantine Centre အသီးသီး သို့ ရန်ကုန်တိုင်း ဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာန Swab Team မှ လာရောက်ဆောင်ရွက် ခဲ့ကြသည်။