မယ်စဲ့ အောက်တိုဘာ ၇
ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ မယ်စဲ့မြို့နယ်အတွင်းရှိ အသက် ၈၀ နှစ်မှ ၈၅ နှစ်အကြား သက်ကြီးဘိုးဘွားများအား နိုင်ငံတော်၏ ကိုဗစ်-၁၉ စီးပွားရေးကုစားမှုအစီအစဉ် CERP အရ ဘိုးဘွားတစ်ဦးလျှင် ငွေကျပ် ၃၀၀၀၀ နှုန်းဖြင့် ထောက်ပံ့ငွေများ ပေးအပ်ခြင်းကို အောက်တိုဘာ ၆ ရက်က အိမ်တိုင်ရာရောက် လိုက်လံထောက်ပံ့ခဲ့ကြောင်း သိရသည်။
ထိုသို့ ထောက်ပံ့ရာတွင် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးအယ်လ်ဖောင်းရှို၊ ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူး ဦးကျော်ဝင်း၊ လူမှုဝန်ထမ်းဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်သန္တာမြင့်နှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများက ကိုဗစ်-၁၉ စီးပွားရေး ကုစားမှုအစီအစဉ်ဖြင့် နိုင်ငံတော်မှ အသက် ၈၀ နှစ်မှ ၈၅ နှစ်အကြား သက်ကြီးဘိုးဘွား တစ်ဦးကို ငွေကျပ် ၃၀၀၀၀ နှုန်းဖြင့် ထောက်ပံ့ငွေများ ပေအပ်လျှက်ရှိရာ မယ်စဲ့မြို့နယ်တွင် ရပ်ကွက်(၂)ရပ်ကွက်၊ ကျေးရွာအုပ်စု(၄)အုပ်စုအတွင်းရှိ ဘိုးဘွား ၁၈ ဦးအတွက် စုစုပေါင်း ငွေကျပ် ၅၄၀၀၀၀ ကို ဘိုးဘွားများလက်ဝယ်သို့ အိမ်တိုင်ရာရောက် ထောက်ပံ့ခဲ့ကြောင်း သိရသည်။
ဝတ်ရည်(ပြတ်/ဆက်)
09424310699