တံတား အောက်တိုဘာ ၇
ရန်ကုန်တောင်ပိုင်းခရိုင်၊ တံတားမြို့ပေါ်ရပ်ကွက်များရှိ အသက် (၈၀)နှင့် (၈၅)နှစ်အကြား ဘိုး/ဘွားများအား ကိုဗစ်-၁၉ စီးပွားရေးကုစားမှု အစီအစဉ်ဖြင့် ထောက်ပံ့ငွေများကို ယနေ့ နံနက် ၁၀ နာရီက အိမ်တိုင်ရာရောက် လိုက်လံထောက်ပံ့ပေးလျက်ရှိကြောင်း သိရသည်။
တံတားမြို့ မြို့ပေါ်ရပ်ကွက်များတွင် လူမှုဝန်ထမ်းဦးစီးဌာနမှ ကိုဗစ်-၁၉ရောဂါဖြစ်ပွားနေသည့် ကာလ အတွင်း သက်ကြီးဘိုးဘွားများ စားဝတ်နေရေးအဆင်ပြေစေရန်အတွက် အသက် (၈၀)နှင့် (၈၅)နှစ်အကြား ဘိုး/ဘွား တစ်ဦးလျှင် (၃၀,၀၀၀) ကျပ်နှုန်းဖြင့် ဘိုး/ဘွား (၆၅)ဦး အတွက် ငွေကျပ်(၁,၉၅၀,၀၀၀)ကို ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် တာဝန်ရှိသူများက အိမ်တိုင်ရာရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်းသိရသည်။
တင်နိုင်ဝင်း (ပြန်/ဆက်)