ဒေါပုံ အောက်တိုဘာ ၇
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ ဒေါပုံမြို့နယ်၊ အမှတ်(၁) အခြေခံပညာ အထက်တန်း ကျောင်းဝင်းအတွင်းရှိ အသွားအလာကန့်သတ်စောင့်ကြည့်နေရာတွင် ယမန်နေ့ နံနက်(၉)နာရီ က သန့်ရှင်းရေး လုပ်ငန်းများ ဆောင်ရွက်ခဲ့ကြသည်။
အဆိုပါ အသွားအလာကန့်သတ်စောင့်ကြည့်နေရာတွင် Quarantine ဝင်ရောက်နေသူများ သွားလာရန် အဆင်ပြေစေရန်အတွက် ပေါင်းမြက်သတ်ဆေးများဖြင့်ကျောင်းအတွင်းအပြင် များကို မြို့နယ်စည်ပင်သန့်ရှင်းရေးနှင့်ပန်းဥယျာဉ်ဌာနရှိ ဝန်ထမ်းတို့က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့သန့်ရှင်းရေးဆောင်ရွက်မှုအား လွှတ်တော်ကိုယ်စားလှယ်များ၊ မြို့နယ်ကိုဗစ် ထိန်းချုပ် ရေးနှင့် အရေးပေါ်တုံ့ပြန့်ရေးလုပ်ငန်းကော်မတီအဖွဲ့ဝင် မြို့နယ် စည်ပင်သာယာရေး အုပ်ချုပ် ရေးမှူး ဦးမောင်မောင်နှင့် မြို့နယ်စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌတို့၏ ကြီးကြပ်မှုဖြင့် မြို့နယ် စည်ပင်သာယာရေး ကော်မတီ၏ သန့်ရှင်းရေးဌာနနှင့် ပန်းဥယျာဉ်ဌာနများမှ ဝန်ထမ်းများ ဆောင်ရွက်ခဲ့ကြကြောင်းသိရသည်။
သဲစုစုလွင်