မြောက်ဥက္ကလာပမြို့နယ် စေတနာရှင်လူမှုဘဝစောင့်ရှောက်ရေးအသင်းသို့ PPE ဝတ်စုံ၊ မျက်မှန်နှင့် ခြေအိတ်များလှူဒါန်း

မြောက်ဥက္ကလာပ အောက်တိုဘာ ၇


ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ် (ဇ)ရပ်ကွက်ရှိ စေတနာရှင်လူမှုဘဝ စောင့်ရှောက်ရေးအသင်းသို့  ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးလုပ်ငန်းများတွင် အသုံးပြုနိုင်ရန် PPE ဝတ်စုံ၊ မျက်မှန်နှင့် ခြေအိတ်များကို ယမန်နေ့ နေ့လယ်ပိုင်းက နာရေးကူညီမှုအသင်း (ရန်ကုန်)မှ လာရောက်လှူဒါန်းခဲ့ကြောင်း သိရသည်။
ထိုသို့ လှူဒါန်းရာတွင် နာရေးကူညီမှုအသင်း (ရန်ကုန်)မှ PPE ဝတ်စုံ(၃၀)စုံ၊  မျက်မှန် (၃၀)ခုနှင့် ခြေအိတ်(၃၀)ခုတို့ကို ပေးအပ်ရာ စေတနာရှင်လူမှုဘဝစောင့်ရှောက်ရေးအသင်း အဖွဲ့ဝင်များက လက်ခံ ရယူခဲ့ပြီး ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ လှူဒါန်းရရှိသည့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးသုံးပစ္စည်းမျာကို (ဇ)ရပ်ကွက် အ.မ.က(၁၂) ကျောင်းတွင် ဖွင့်လှစ်ထားသည့် Quarantine Centre တွင် Volunteer အဖြစ် လုပ်ကိုင်ဆောင်ရွက်နေ သည့် လူငယ်များအသုံးပြုနိုင်ရန် ပြန်လည်ပေးအပ်သွား မည်ဖြစ်ကြောင်း သိရသည်။
မြမြဝင်း (ပြန်/ဆက်)