မြောက်ဥက္ကလာပ အောက်တိုဘာ ၇
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ပိုးရှိသူများနှင့် ဆက်စပ်သူများထားရှိသည့် Quarantine Centre (၁၂)ခုနှင့် အနံ့မရသူများသာ သီးသန့်ထားရှိသည့် Quarantine Centre (၃)ခုရှိပြီး ယမန့်နေ့ ညနေက ရွေပေါက်ကံရပ်ကွက်ရှိ အ.ထ.က(ခွဲ)လ(၁၀) ကျောင်းတွင် Quarantine ဝင်ရောက်သူ (၁၀၄)ဦးအနက် (၃၈)ဦးတွင် ကိုဗစ်-၁၉ ရောဂါ Positive ထွက်ရှိကြောင်း စစ်ဆေးတွေ့ရှိရပြီး တိုင်းကျန်းမာရေးအစီအစဉ်ဖြင့် သက်မှတ်ဆေးရုံများတွင် ဆေးကုသမှု ခံယူပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ဆက်လက်၍ ကိုဗစ်-၁၉ ရောဂါ Negative ထွက်ရှိသူ(၆၆)ဦးအား ရွှေပေါက်ကံရပ်ကွက် အုပ်ချုပ်ရေး ဆိုင်ရာအဖွဲ့ဝင်များနှင့် We Love Northokkalapa ပရဟိတအဖွဲ့တို့ ပူးပေါင်း၍ နေအိမ်များသို့ ပြန်လည်ပို့ဆောင်ရာ၌ ရောဂါမရှိသော်လည်း မိမိနေအိမ်တွင် (၇)ရက် Home Quarantine ကို မပျက်မကွက် နေထိုင်ကြရန်၊ အပြင်သို့မသွားရောက်ရန်၊ ရောဂါကင်းရှင်းကြောင်း လက်မှတ်ကို တိုင်းကျန်းမာရေးအစီအစဉ်ဖြင့် ပေးအပ်သွားမည်ဖြစ်ကြောင်းနှင့် အာဟာရရှိစွာ စားသောက်နေထိုင်ကြ ရန်ကို ရွှေပေါက်ကံရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့ဝင် ဦးနိုင်ဝင်းက အကြံပြုမှာကြားခဲ့ကြောင်း သိရသည်။
မြမြဝင်း (ပြန်/ဆက်)