ကိုဗစ် - ၁၉ ရောဂါပိုး ကုသရေးကုတင် (၅၀၀) ဆံ့ Yangon Convention Center (YCC) အင်းယား စင်တာ ပြင်ဆင်ဆောင်ရွက်နေမှုအခြေအနေအားတာဝန်ရှိသူများလာရောက်ကြည့်ရှု

မရမ်းကုန်း အောက်တိုဘာ ၇

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနနှင့် ရန်ကုန်းဒေသကြီး အစိုးရအဖွဲ့တို့၏ လမ်းညွှန်ချက် များနှင့်အညီ ကိုဗစ်- ၁၉ ရောဂါကုသရေးအတွက် ကမ္ဘောဇဘဏ်မှ ငွေကျပ်သိန်း (၇၀၀၀)နှင့် ရွှေသံလွင် ကုမ္ပဏီမှ ငွေကျပ်သိန်း (၃၀၀၀) စုစုပေါင်း မတည်လှူဒါန်းငွေကျပ်သိန်း (၁၀၀၀၀)ဖြင့် မရမ်းကုန်းမြို့နယ် အမှတ် (၁၀)ရပ်ကွက်ရှိ Yangon Convention Center (YCC) အင်ယား စင်တာအား ၂၉.၉.၂၀၂၀ ရက်နေ့တွင် စတင်တည်ဆောက်ခဲ့ရာ အဆိုပါလုပ်ငန်းခွင်သို့ ယမန်နေ့ မွန်းလွဲပိုင်းက ရန်ကုန်တိုင်းဒေသကြီးအစိုးရ အဖွဲ့ အတွင်းရေးမှူး တိုင်းအုပ်ချုပ်ရေးမှူး ဦးစိုးစိုးဇော်နှင့် တာဝန်ရှိသူများ လာရောက်ကြည့်ရှုခဲ့ကြသည်။

ထိုသို့လာရောက်ရာတွင် တိုင်းအုပ်ချုပ်ရေးမှူးက လုပ်ငန်းများ အဆင်ပြေချောမွေ့စေရေးအတွက် တာဝန်ယူ ဆောင်ရွက်နေကြသူများနှင့် တွေ့ဆုံကာ လိုအပ်သည်များ၊ ရှေ့လုပ်ငန်းစဉ်များကို ပေါင်းစပ်ညှိနှိုင်းဆွေးနွေးခဲ့သည်။

အဆိုပါ အင်းယားစင်တာ၌ကိုဗစ် - ၁၉ရောဂါ ပိုးကူးစက်သူလူနာများအား ယခုလ ၉ ရက်နေ့ ညနေပိုင်းမှ စတင် ထားရှိကုသနိုင်ရေးစီစဉ်ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။

အေးအေးအောင် (ပြန်/ဆက်)