ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ တာလေမြို့၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်နိုင်ရန်အတွက် မြို့အဝင် တိုးဂိတ်နေရာတွင် ရောဂါကြိုတင်ကာကွယ်ရေးနှင့် စစ်ဆေးရေး ဂိတ်ဖွင့်လှစ်ကာ တောင်ကြီး-ကျိုင်းတုံ-တာချီလိတ် ပြည်ထောင်စုလမ်းမကြီးတစ်လျှောက် ဖြတ်သန်းသွားလာကြသည့် မော်တော်ယာဉ်များဖြင့် လိုက်ပါစီးနှင်းကြသည့် ခရီးသွားပြည်သူများ အား ခရီးသွားထောက်ခံချက်နှင့် သက်ဆိုင်ရာ ကျန်းမာရေးဌာနမှ ရောဂါကင်းရှင်းကြောင်း ထောက်ခံချက် ပါ/မပါ စစ်ဆေးခြင်းနှင့် မှတ်တမ်းရေးသွင်းခြင်း၊ ကိုယ်အပူချိန် တိုင်းတာပေးခြင်း နှင့် Mask တပ်ဆင်သွားလာခြင်း ရှိ/မရှိ ကျန်းမာရေးစစ်ဆေးပြီးမှသာ ကားများကို တာလေမြို့ အတွင်း ဆက်လက်ဝင်ရောက် ဖြတ်သန်းခွင့်ပြုလျှက်ရှိသည်။ ထိုသို့ ဆောင်ရွက်ရာတွင် မော်တော် ယာဉ်များအပြင် မော်တော်ဆိုင်ကယ်များဖြင့် သွားလာကြသူများကိုလည်း အလားတူ စစ်ဆေးခြင်း များ ပြုလုပ်ပြီးမှသာ မြို့တွင်းသို့ဝင်ရောက် ဖြတ်သန်းခွင့်ပြုကြောင်းနှင့် ခရီးသွားများအပြင် ဒေသနေပြည်သူများအားလုံး နေအိမ်မှပြင်ပသို့ သွားလာမည်ဆိုပါက Mask စနစ်တကျ တပ်ဆင်သွားလာကြရေး အသိပေးနှိုးဆော်ခြင်းများကို တင်းကြပ်စွာဆောင်ရွက်လျှက် ရှိသည်။