၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် အသုံးပြုရမည့် ဆန္ဒမဲလက်မှတ်များ ဖွင့်ဖောက်စစ်ဆေးခြင်းလုပ်ငန်းများ ဆောင်ရွက်

ပေါက်ခေါင်း အောက်တိုဘာ ၁၉

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့တွင် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲအဖွဲ့ဝင်များ နှင့် ဝန်ထမ်းများက ယမန်နေ့ နေ့လယ်ပိုင်းမှ စတင်၍ ဆန္ဒမဲလက်မှတ်များ ဖွင့်ဖောက်စစ်ဆေးခြင်း လုပ်ငန်းများကို မဟာသန္တိသုခဓမ္မာရုံတွင် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ ပေးပို့သည့် ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလ ၈ ရက်နေ့တွင် ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲတွင် အသုံးပြုရမည့် မဲလက်မှတ်အရေ အတွက် ပြည့်/မပြည့်၊ စွန်းထင်းစုတ်ပြဲနေသော ဆန္ဒမဲလက်မှတ်များ ပါဝင်မှုရှိ/မရှိ၊  သင်္ကေတ(logo) များ မှန်ကန်မှု ရှိ၊မရှိ တို့အား ဖွင့်ဖောက်စစ်ဆေးခြင်း လုပ်ငန်းများကို စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သိသည်။

သန်းထွန်းအောင်(ပြန်/ဆက်)