သာစည် အောက်တိုဘာ ၁၉
မန္တလေးတိုင်းဒေသကြီး သာစည်မြို့နယ်တွင် အသက် ၉ နှစ် မှ ၁၀ နှစ်ထိ မိန်းကလေးတိုင်းကို အောက်တိုဘာ ၂၀ ရက်မှစတင်ပြီး သက်ဆိုင်ရာရပ်ကွက်/ကျေးရွာစု ရပ်များတွင်ထို့နှံပေးသွားမည်ဖြစ်ကြောင်း ယမန်နေ့ နံနက် ၁၀ နာရီက မြို့နယ်အထွေ ထွေ အုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ပြုလုပ်သော HPV စတင်ထိုးနှံခြင်း လုပ်ငန်းမြို့နယ်အဆင့် အသိပေးဆွေးနွေးပွဲမှ သိရသည်။
ဆွေးနွေးပွဲတွင် မြို့နယ်အုပ်ချုပ်ရေးမှူးဦးဇော်လင်းမောင်က အမှာစကားပြောကြားပြီး မြို့နယ် ကျန်းမာရေး ဦးစီးဌာနမှူး ဒေါက်တာဇော်မင်းထူးက ကမ္ဘာတဝှမ်း သားအိမ်ခေါင်း ကင်ဆာဖြစ်ပွားမှုအခြေအနေများ၊ မြန်မာနိုင်ငံတွင် သားအိမ်ခေါင်းကင်ဆာဖြစ်ပွားမှု အခြေအနေများ နှင့်မြို့နယ်အတွင်း ကာကွယ်ဆေးထိုးနှံပေး သွားမည့် အစီအစဉ်များကို ရှင်းလင်းဆွေးနွေးသည်။ ထို့နောက်တက်ရောက်လာသူများမှ သိရှိလိုသည်များ မေးမြန်း ဆွေးနွေးရာ တာဝန်ရှိသူများက ပြန်လည်ဖြေကြားဆွေးနွေးခဲ့ကြကြောင်း သိရသည်။ သာစည်မြို့နယ်တွင် HPV (သားအိမ်ခေါင်းကင်ဆာရောဂါကာကွယ်ဆေး) ထိုးနှံပေးမည့် လူဦးရေ ၂၂၉၅ ဦးရှိကြောင်း သိရသည်။
အဆိုပါအသိပေးဆွေးနွေးပွဲသို့ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ကျန်းမာရေးဝန်ထမ်းများ၊ မြို့နယ်မိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်းဝင်များ၊ အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ မြို့ပေါ်ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့်ကြက်ခြေနီတပ်ဖွဲ့ဝင်များ တက်ရောက်ကြကြောင်း သိရသည်။
ထွန်းထွန်း(ပြန်/ဆက်)