ပအိုဝ်းအမျိုးသားနေ့အထိမ်းအမှတ် အလွတ်တန်းဖိတ်ခေါ် အမျိုးသား၊ အမျိုးသမီးဘောလုံးပြိုင်ပွဲ ပထမနေ့ စတင်ကျင်းပ
ပအိုဝ်းအမျိုးသားနေ့အထိမ်းအမှတ် အလွတ်တန်းဖိတ်ခေါ် အမျိုးသား၊ အမျိုးသမီး ဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်လောင်းမြို့နယ်၊ နောင်တရားမြို့ စန္တာခမ်း ဘက်စုံဖွံ့ဖြိုးရေးကွင်း၌ ကျင်းပရာ ပင်လောင်းမြို့နယ် မဲဆန္ဒနယ်အမှတ်(၁) ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဦးခွန်လှဆန်းနှင့် ဘေားလုံးပြိုင်ပွဲဖြစ်မြောက်ရေးဥက္ကဋ္ဌ ဦးခွန်ဖိုးစိန်တို့က ယနေ့ နံနက် ၁၁ နာရီခွဲတွင် ဖဲကြိုးဖြတ်ဖွင့်လှစ်သည်။