ဓနုဖြူမြို့၌ အခမဲ့ မျက်စိခွဲစိတ်ကုသပေး
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့အာယုဒါန ကျန်းမာရေးစောင့်ရှောက်မှုအသင်း၏ ဦးစီးဆောင်ရွက်မှုဖြင့် ဓနုဖြူမြို့နယ်အတွင်းရှိ မျက်စိဝေဒနာရှင်များအား အခမဲ့ စမ်းသပ်ကုသပေးခြင်းကို ယနေ့ မွန်းလွဲ ၂ နာရီတွင် စတင်၍ ဓနုဖြူမြို့၊ အမှတ်(၇) ရပ်ကွက်၊ ဈေးပိုင်းဓမ္မာရုံ၌ စမ်းသပ်စစ်ဆေးပေးခဲ့သည်။