အိတ်ချ်ပီဗွီ ကာကွယ်ဆေး (HPV)Vaccine ကို ပုံမှန်ကာကွယ်ဆေးထိုး အစီအစဥ်တွင် စတင် ထည့်သွင်း ထိုးနှံခြင်း အသိပေးဆွေးနွေး

ကယားပြည်နယ်၊ဘောလခဲခရိုင်၊ဖားဆောင်းမြို့နယ်တွင် အိတ်ချ်ပီဗွီ ကာကွယ်ဆေး (HPV)Vaccineကို ပုံမှန်ကာကွယ်ဆေးထိုးအစီအစဉ်တွင် စတင်ထည့်သွင်းထိုးနှံခြင်း အသိပေး ဆွေးနွေးပွဲကို ယနေ့နံနက် (၉)နာရီက ပြည်သူ့ကျန်းမာရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပ ပြုလုပ်ခဲ့သည်။

မောက်မယ်မြို့နယ်၌ သားအိမ်ခေါင်းကင်ဆာကာကွယ်ဆေး အခမဲ့ထိုးနှံပေးမည်

ရှမ်းပြည်နယ် (တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်၌ အိတ်ချ်ပီဗီပိုးကြောင့် ဖြစ်တတ်သည့် သားအိမ်ခေါင်းကင်ဆာကာကွယ်ဆေးကို ၂၀၂၀ပြည့်နှစ် အောက်တိုဘာလ (၂၁)ရက်နေ့တွင် အခမဲ့စတင်ထိုးနှံပေးမည်ဖြစ်ကြောင်း မြို့နယ်ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာမြမြသန်း ၏ ပြောကြားချက်အရ သိရသည်။

အင်းစိန်မြို့နယ်၌ ဒေသဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများ ဆောင်ရွက်

ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ အင်းစိန်မြို့နယ်၌ ပြည်သူများ သွားရေးလာရေး အဆင်ပြေစေရန်၊ မိုးရာသီတွင် ရေကြီးရေလျှံမှုများ မဖြစ်ပေါ်စေရန်နှင့် ခြင်များ ပေါက်ဖွားမှု မရှိစေရန် ရည်ရွယ်၍ ဒေသဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများကို ယမန်နေ့ နံနက်(၁၀)နာရီ အချိန်က ဆောင်ရွက် ခဲ့ကြောင်း သိရသည်။

ပေါက်မြို့နယ်တွင် ကြိုတင်ဆန္ဒမဲပုံးများ လုံခြုံရေး ချိတ်ပိတ်ဆောင်ရွက်

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ပေါက်မြို့နယ်တွင် သက်ဆိုင်ရာ မဲဆန္ဒနယ်မြေပြင်ပရောက် မဲဆန္ဒရှင်များ၏ ကြိုတင် ဆန္ဒမဲ လက်မှတ် များအား မြို့နယ်ကြိုတင်မဲပုံးများတွင်ထည့်သွင်း၍ လုံခြုံရေးကြိုးများ ချိတ်ပိတ်ဆောင်ရွက်ခြင်းကို မြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ ရွှေပေါက်ပင်ခန်းမ၌ ယမန်နေ့ ညနေ ၃ နာရီအချိန်ခန့်က ဆောင်ရွက်သည်‌။

တောင်ဥက္ကလာပမြို့နယ်၊ ငွေကြာရံပရိယတ္တိစာသင်တိုက်ရှိ ရဟန်းသံဃာတော်များနှင့် လူပုဂ္ဂိုလ် များအား  ကိုဗစ်-၁၉ရောဂါပိုး ရှိမရှိ စစ်ဆေးခြင်း ဆောင်ရွက်

ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အရှေ့ပိုင်းခရိုင်၊ တောင်ဥက္ကလာပမြို့နယ်၊ အမှတ်(၃)ရပ်ကွက်ရှိ ငွေကြာရံပရိယတ္တိစာသင်တိုက်တွင် သတင်းသုံးနေထိုင်လျက်ရှိသော ရဟန်းသံဃာတော်များနှင့် လူပုဂ္ဂိုလ်များအား  ကိုဗစ်-၁၉ရောဂါပိုး ရှိမရှိ စစ်ဆေးခြင်းကို ယနေ့နံနက် (၉)နာရီအချိန်က ဆောင်ရွက်ခဲ့ကြသည်။

ရပ်စောက်မြို့နယ်၌ သားအိမ်ခေါင်းကင်ဆာ (HPV)ကာကွယ်ဆေးထိုးနှံခြင်းလုပ်ငန်း မြို့နယ်အဆင့် အသိပညာပေးဆွေးနွေးပွဲ ဆောင်ရွက်

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးခရိုင်၊ ရပ်စောက်မြို့နယ်တွင် အမျိုးသမီးငယ်များအား သားအိမ်ခေါင်းကင်ဆာ (HPV)ကာကွယ်ဆေး ထိုးနှံခြင်းလုပ်ငန်း မြို့နယ်အဆင့် အသိပညာ ပေးဆွေးနွေးပွဲကို ယနေ့နံနက် (၉)နာရီ က မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၌ ပြုလုပ်ခဲ့သည်။

ဖားကန့်၌ ငွေကြေးဖြင့် အလောင်းအစားပြုရသည့် တရုတ်ငါးမန်းဂိမ်း (Money Game)စက်များထားရာ ဂိုဒေါင် မီးလောင်

ကချင်ပြည်နယ်၊ ဖားကန့်မြို့၊ မရှီကထောင်ရပ်ကွက် (B/96)ခြံဝင်းအတွင်း၌ ငွေကြေးဖြင့် အလောင်းအစားပြုရသည့် တရုတ်ငါးမန်းဂိမ်း(Money Game)စက်များထားရာ ဂိုဒေါင်သည် ယနေ့ နံနက်(၁၀)နာရီခွဲခန့်တွင် လျှပ်စစ်ဝါယာရှော့ဖြစ်ပြီး မီးလောင်မှု ဖြစ်ပွားခဲ့ကြောင်း မြို့နယ်မီးသတ် ဦးစီးဌာနမှ သိရသည်။

တာမွေမြို့နယ်ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီသို့ နှာခေါင်းစည်း(Mask)များနှင့် အလှူငွေများ ပေးအပ်လှူဒါန်း

ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အရှေ့ပိုင်းခရိုင်၊ တာမွေမြို့နယ် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေး နှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီသို့ ယနေ့နံနက်ပိုင်းအချိန်က တာမွေမြို့နယ် ပြန်ကြား ရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန ဝန်ထမ်းမိသားစုများမှ လှူဒါန်းသော နှာခေါင်းစည်း( Mask )များနှင့်အလှူငွေ ငွေကျပ်(၆၀၀၀၀/−)တိတိကို  ပေးအပ်လှူဒါန်းရာ မြို့နယ်ကိုဗစ်-၁၉ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ ဥက္ကဋ္ဌ ဦးအောင်ကျော်အေးက လက်ခံရယူခဲ့ကြောင်းသိရသည်။

ဟိုင်းကြီးကျွန်း၌ ကိုဗစ်ကြိုတင်ကာကွယ်ရေး စစ်ဆေးရေးဂိတ်သို့ ထောက်ပံ့ပစ္စည်းများ ပေးအပ်လှူဒါန်း

ဧရာဝတီတိုင်းဒေသကြီး၊ ဟိုင်းကြီးကျွန်းမြို့အဝင် ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ရေးနှင့် အရေး ပေါ်တုန့်ပြန်ရေး ကော်မတီက ဖွင့်လှစ်ထားသည့် ဌာနပေါင်းစုံး ပူးပေါင်းစစ်ဆေးရေးဂိတ်သို့ ပမ္မဝတီ ရေတပ်စခန်းဌာနချုပ် ဌာနချုပ်မှူး ဗိုလ်မှူးချုပ်ကျော်ရွှေထွန်းက ယခုလ ၁၈ ရက် နံနက်ပိုင်းက ထောက်ပံ့ပစ္စည်းများ ပေးအပ်လှူဒါန်းခဲ့သည်။
Subscribe to