ဖယ်ခုံမြို့နယ်၌ Mask တပ်ဆင်သည့် အလေ့အကျင့်ဖြစ်စေရေး ပညာပေးလုပ်ငန်းများ စဉ်ဆက်မပြတ်ဆောင်ရွက်

ဖယ်ခုံ  အောက်တိုဘာ ၁၉

ရှမ်းပြည်နယ်(တောင်ပိုင်း) ဖယ်ခုံမြို့နယ်၌ Mask တပ်သည့် အလေ့အကျင့်ဖြစ်စေရေး ပညာပေး လုပ်ငန်းများကို စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိရာ ယနေ့နံက် ၈ နာရီခွဲ က စတင်၍ လမ်းဆုံ လမ်းခွများ၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ပညာပေးလုပ်ငန်းများကို ဖယ်ခုံမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းနှင့် စပ်စံထွန်းလမ်းဆုံတွင် လည်းကောင်း၊ ဈေးလမ်းနှင့် ပြည်ထောင်စုလမ်းမကြီး လမ်းဆုံတွင်လည်းကောင်း နှစ်ဖွဲ့ခွဲ၍ မြို့နယ်အဆင့် အသိပညာပေးရေးနှင့် စိတ်ဓာတ်မြှင့်တင်ရေးလုပ်ငန်းကော်မတီ ဥက္ကဋ္ဌနှင့် အဖွဲ့၀င်များ က လမ်းသွားလမ်းလာများနှင့် ဒေသခံပြည်သူများ နေအိမ်ပြင်ပသို့ ထွက်ခွာချိန်နှင့် လုပ်ငန်းများဆောင်ရွက်ချိန်တွင် ပါးစပ်နှင့် နှာခေါင်းစည်း Mask ကိုစနစ်တကျ တပ်ဆင်စေရေး ပညာပေးခြင်းလုပ်ငန်းများကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

Mask တပ်ဆင်ရန်ပျက်ကွက်သော လမ်းသွားလမ်းလာ ၁၀၉ ဦးအား ဒဏ်ငွေ ၂၀၀ ကျပ် ဒဏ်ရိုက်၍ ပြည်သူများအနေဖြင့် ပြင်ပသို့ထွက်ခွာပါက မဖြစ်မနေ Mask ကို စနစ်တကျ တပ်ဆင်စေရေး၊ Mask တပ်ဆင်သည့်အလေ့အကျင့် ဖြစ်စေရေးတို့ကို ပညာပေး ဆောင်ရွက်နိုင်ခဲ့ပြီး သမဝါယမဦးစီးဌာန မြို့နယ်ဦးစီးမှူးနှင့် မြို့နယ်လယ်/စီ/အင်းဌာန မြို့နယ် ဦးစီးမှူး တို့က Mask များ အခမဲ့ဖြန့်ဝေ ပေးအပ်ခဲ့ကြောင်း သိရသည်။

မြို့နယ်အဆင့် အသိပညာပေးရေးနှင့် စိတ်ဓာတ်မြှင့်တင်ရေး လုပ်ငန်းကော်မတီတွင် စိုက်ပျိုးရေး ဦးစီးဌာန မြို့နယ်ဦးစီးမှူးက ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်ခဲ့ပြီး မြို့နယ်ရဲတပ်ဖွဲ့မှူး၊ မြို့နယ် ကျန်းမာရေး၊ မြို့နယ်မီးသတ်ဦးစီးမှူး၊ မြို့နယ် စည်ပင်အမှုဆောင်အရာရှိ၊ ကျေးလက်ဒေသ ဖွံ့ဖြိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး၊ လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန၊ မြို့နယ်ဦးစီးမှူးနှင့် လူမှုရေးအသင်းအဖွဲ့များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ ပါ၀င်ပြီး မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ အတွင်းရေးမှူးအဖြစ် ပူးပေါင်းပါ၀င်ဆောင်ရွက် ခဲ့ကြောင်း သိရသည်။

မောင်မောင်ထွေး(ပြန်/ဆက်)