ချောင်းသာမြို့နှင့် ရွှေသောင်ယံမြို့ရှိ လမ်းမီးတိုင်များတွင် မီးလုံးများတပ်ဆင်

ရွှေသောင်ယံ အောက်တိုဘာ ၁၉

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ချောင်းသာမြို့နှင့် ရွှေသောင်ယံမြို့တွင် ပြည်သူများ သွာလာရေးအဆင်ပြေ စေရန်နှင့် ဒုစရိုက်မှုများကင်းဝေးစေရန်အတွက် မြို့တွင်း လမ်းမီးတိုင်များတွင် မီးလုံးများ တပ်ဆင်လျက်ရှိကြောင်း သိရသည်။

အဆိုပါမီးလုံးများတပ်ဆင်ရာတွင် ရွှေသောင်ယံမြို့ စည်ပင်သာယာရေး ကော်မတီဘတ်ဂျက်ဖြင့် ချောင်းသာမြို့တွင်း မီးတိုင်များအတွက် မီးလုံးရေစုစုပေါင်း (၃၀၂) လုံးနှင့် ရွှေသောင်ယံမြို့ရှိ မီးတိုင်များအတွက် မီးလုံးရေစုစုပေါင်း (၁၇၃) လုံးအားတပ်ဆင်ပေးလျက်ရှိပါသည်။ မီးလုံးများ တပ်ဆင်ခြင်း လုပ်ငန်းဆောင်ရွက်ရာတွင် ချောင်းသာမြို့အတွက် ရွေသောင်ယံမြို့ စည်ပင်သာယာရေး ကော်မတီနှင့် ချောင်းသာမြို့ လျှပ်စစ်ဦးစီးဌာနတို့ကလည်းကောင်း ရွှေသောင်ယံမြို့အတွက် လမ်းမီး တပ်ဆင်ခြင်းကို ရွှေသောင်ယံမြို့ စည်ပင်သာယာရေးကော်မတီနှင့် ရွှေသောင်ယံ လျှပ်စစ်ဦးစီးဌာနတို့က ပူးပေါင်းဆောင်ရွက်နေကြကြောင်း တာ၀န်ရှိများထံမှ သိရသည်။

ကိုကိုမောင်( ပြန်/ဆက်)